အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မော်တော်ယာဉ်တင် သွင်းမှုများကို သီးသန့်ကိုင်တွယ် ရန် ပြည်ထောင်စုအဆင့်ဖွဲ့စည်း ထားသည့် မော်တော်ယာဉ်တင် သွင်းမှုဆိုင်ရာ ကြီးကြပ်ရေးကော် မတီကဲ့သို့ ရန်ကုန်၌လည်း တိုင်းအဆင့်ကော်မတီတစ်ခု သီးသန့်ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လက်အောက်တွင်ရှိပြီး ဌာနဆိုင်ရာမှ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးမှ သက်ဆိုင်ရာ ၀န်ကြီးများ ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်နှင့် ကိုက်ညီသည့် မော်တော်ယာဉ်တင်သွင်းမှုများ အဓိကထားဆုံးဖြတ်ပြီး မူဝါဒများကို အဆိုပါအဖွဲ့က ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ဆိုသည်။
လက်ရှိတွင် ရန်ကုန်၌ မော် တော်ယာဉ် တင်သွင်းမှုအတွက် ပါကင်ထောက်ခံချက်ထုတ်ပေးမှု ရပ်ဆိုင်းထားသည်။
တစ်နိုင်ငံလုံးမှ မော်တော် ယာဉ် တင်သွင်းသူများကို ထိန်း ချုပ်ရန် မော်တော်ယာဉ်တင်သွင်း မှုဆိုင်ရာကြီးကြပ်မှုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးက တာဝန် ယူဆောင်ရွက်နေသည်။
ရန်ကုန်မြို့တွင် ကားတင်သွင်း မှုပိတ်ထားသည်မှာ သုံးလကျော် ကြာမြင့်နေသော်လည်း အစိုးရ အဖွဲ့က တိကျသည့် သတင်းမထုတ်ပြန်သေး၍ ကားအရောင်းအ၀ယ်ပြုလုပ်သူများကရန်ကုန်ကားအရောင်းအ၀ယ်ကို ရပ်နားထားပြီး နယ်အရောင်းအ၀ယ်ကိုသာ အဓိကထားပြုလုပ်နေသည်ဟု သိရသည်။
===================
251 / End