၁၆ ဩဂုတ် ၂၀၁၆ - ၁၈:၅၈
ဗဟိုအမျိုးသမီးဆေးရုံကြီးကို မိခင်နို့တိုက်ကျွေးရေး အသိအမှတ်ပြုဆေးရုံဖြစ်ရန် မူဝါဒချမှတ်ဆောင်ရွက်နေ

ဗဟိုအမျိုးသမီးဆေးရုံ ကြီးကို မိခင်နို့တိုက်ကျွေးရေး အ သိအမှတ်ပြုဆေးရုံဖြစ်ရေးအ တွက် မူဝါဒများ ချမှတ်ဆောင် ရွက်နေကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာပပကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 ဗဟိုအမျိုးသမီးဆေးရုံ ကြီးကို မိခင်နို့တိုက်ကျွေးရေး အ သိအမှတ်ပြုဆေးရုံဖြစ်ရေးအ တွက် မူဝါဒများ ချမှတ်ဆောင် ရွက်နေကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာပပကပြောသည်။

‘‘အခုလက်ရှိမှာ မိခင်နို့ တိုက်ကျွေးရေး အသိအမှတ်ပြု ဆေးရုံဖြစ်ရေးအတွက် မူဝါဒ ၁၄ ချက် ချပြီးတော့ အဆင့် ၁၀ ခုနဲ့ လုပ်ဆောင်နေတယ်။ မိခင်နို့ တိုက်ကျွေးတာ မထူးဆန်းတဲ့ သ ဘောလုပ်ငန်းတွေပဲ။ ဒါကိုပဲ အ ဆင့်တွေ၊ မူဝါဒတွေချမှတ်ဖို့လို သလားလို့ ပြောစရာရှိပါတယ်။ တကယ်တော့ မိခင်နို့ကို ကလေး ဆီ အောင်အောင်မြင်မြင် ရောက် ဖို့ တိုက်ကျွေးတဲ့အခါမှာ ဒီအဆင့် ဆိုတာတွေက လိုလာပါတယ်။ နေ့စဉ်မနက်တိုင်းမှာ ကိုယ်ဝန်စပြ ကတည်းက မိခင်နို့တိုက်ကျွေးဖို့၊ အာဟာရပြည့်ဝအောင် စားဖို့အ တွက်လည်း ပညာပေးနေပါ တယ်’’ ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ အဆင့် ၁၀ ဆင့် ဖြင့်ဆောင်ရွက်ရာတွင် ဆရာမ များမှတစ်ဆင့်မိခင်များထံ အသိ ပညာပေးနိုင်ရန် ဆရာမများအား မိခင်နို့ အောင်မြင်စွာ တိုက်ကျွေး ရေးသင်တန်းပေးရန်၊ မွေးပြီးပြီး ချင်း နာရီဝက်အတွင်း မိခင်နို့ ဆောလျင်စွာတိုက်ကျွေးရန်၊မိခင် နှင့်ကလေးကို အခန်းတစ်ခုတည်း ၌အတူထားရှိရန်၊ ကလေးနို့ဆာချိန် တိုင်း နို့တိုက်ကျွေးရန်၊ မိခင်နို့ကို ကြာကြာတိုက်ကျွေးရန်၊ မိခင်နို့မှ တစ်ပါး အခြားအစာ၊ အရည်နှင့် ရေလုံးဝမတိုက်ကျွေးရန်နှင့် မိခင် နို့စို့နေသော ကလေးများကို ချို လိမ်၊ နို့သီးခေါင်းအတု မစို့စေရန် စသည်တို့ပါဝင်သည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး တွင် ဆေးရုံတက်ရောက်နေသည့် မိခင်ကလေးစုစုပေါင်း ဦးရေ ရှစ်ရာမှ ကိုးရာဦးခန့်ရှိပြီး တစ်နေ့ လျှင် မွေးလူနာငါးဆယ်မှ ခြောက်ဆယ်ကြားရှိနေကြောင်း   သိရ သည်။

‘‘ဘယ်အလုပ်ကိုပဲလုပ်လုပ် အပိုင်းသုံးပိုင်းရှိတယ်။ အသိ ပညာ၊ စိတ်နေစိတ်ထားရယ် သိ လာတဲ့အသိကို လက်တွေ့ကျင့် သုံးဖို့ပါ။ မိခင်နို့ကို အကောင်းဆုံး တိုက်ကျွေးဖို့ဆိုရင် ကျန်းမာရေး အသိပညာ အရမ်းကိုအရေးကြီး တယ်။မိခင်နို့က ရောဂါကာကွယ် တဲ့ဓာတ်တွေ ပေးလိုက်တဲ့အတွက် ကလေးရောဂါကင်းပြီး ဉာဏ် ပညာဖွံ့ဖြိုးတယ်။ အနာဂတ်မှာ ကြည့်ရင်လည်း ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာနည်းသွားတာ တွေ့ရတယ်။ ဒါကြောင့် မိခင်နို့ တိုက်ကျွေးတာဟာ မိခင်အတွက် ရော၊ နိုင်ငံအတွက်ရောထိရောက် မှုရှိပါတယ်’’ဟု သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာစိုးလွင်ကပြောသည်။

===================
251 / End