အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ သြဂုတ် ၁၅ ရက်နေ့က အမေရိကန်သံရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကားတစီးမှာ သံလိုက်ဗုံးတပ်ပြီး ဖောက်ခွဲခဲ့တာလို့ အာဖဂန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ခံကြေညာတဲ့ အဖွဲ့အစည်းတော့ မရှိသေးပါဘူး။
“ဗုံးပေါက်ကွဲပြီးတာနဲ့ လူတွေ စုရုံးလာကြပြီး ဒဏ်ရာရာသူ ၂ ယောက်ကို ခေါ်ထုတ်သွားတာ တွေ့လိုက်တယ်” လို့ မျက်မြင်တဦးက ပြောဆိုပါတယ်။
အခုနှစ် ပထမ ၆ လအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အရပ်သား အနည်းဆုံး ၁၆၀၁ ဦး သေဆုံးပြီး ၃၅၆၅ ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့လမှာ စာရင်းထုတ်ပြန်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေ ၀င်ရောက်ပြီး အနောက်နိုင်ငံတွေ ထောက်ခံတဲ့ အစိုးရ တက်လာပြီးကတည်းက တာလီဘန် အကြမ်းဖက်တပ်ဖွဲ့နဲ့ တခြား သူပုန်တပ်ဖွဲ့တွေက အစိုးရကို တိုက်ခိုက်နေကြတာပါ။
===================
251 / End