အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့အလုံအလောက် ထုတ်လုပ်နိုင်ပါက ၂၀၂၅ ၌ ပြည်တွင်းသုံးစွဲရန် လုံလောက်မည့်အပြင် ပြည်ပသို့ ရောင်းချနိုင်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကပြောကြားသည်။
‘‘ရခိုင်ကမ်းလွန်ဘက် လုပ် ကွက်ကနေ သဘာဝဓာတ်ငွေ့အ များအပြား ထွက်လာနိုင်တဲ့ အ လားအလာတွေ ကျွန်တော်တို့ တွေ့ရှိထားပါပြီ။ တွေ့ရှိထားတာ ရေနက်ပိုင်းတွင်းတွေ ဖြစ်ပါတယ်။ ဖြစ်တဲ့အတွက် အသုံးပြုနိုင်တဲ့ အဆင့်ရောက်ဖို့ ၁၀ နီးပါး ကြာပါတယ်။ ကြာတဲ့အတွက် ၂၀၂၅ ကျခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝဓာတ်ငွေ့က လုံလုံလောက်လောက်ဖြစ်သွားပါပြီ။ လုံလောက်တဲ့အပြင်ကို ပိုရင်တောင်ပြန်ပြီးတော့ ရောင်းရမယ့် အနေအထား ဖြစ်ပါတယ်’’ဟု အစိုးရသစ်ရက် တစ်ရာစီမံကိန်းသတင်းစာရှင်းလင်းပွဲတွင် ဦးထိန်လွင်က ပြောသည်။
သဘာဝဓာတ်ငွေ့အပြင် ရေအားလျှပ်စစ်ကို ပြည်သူလူထုက အသုံးပြုခွင့်ပေးမှသာ တစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အား ပေးနိုင် မည်ဖြစ်ပြီး ရေအားလျှပ်စစ်အသုံးပြုခွင့်ပေးပါက သဘာဝထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်မည်ဟု ဆိုသည်။
ထို့အပြင် ရေနံနှင့် စွမ်းအင် ဌာနအနေဖြင့် ယခင်က ကုမ္ပဏီ များအသုံးမပြုဘဲ ပိတ်ထားခဲ့သည့်တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ပေးမှုကို ပံ့ပိုးရန် စီစဉ်ထားကြောင်းဦးထိန်လွင်က ပြောသည်။
လက်ရှိတွင် ပြည်တွင်းသဘာဝဓာတ်ငွေ့ လိုအပ်ချက်မှာ မြင့်မားနေပြီး ယင်း၏ အကျိုးဆက်အဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စိန်ခေါ်မှုများရှိနေခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ် စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၂,၇၀၀ ခန့်ရှိနေပြီး လာမည့်နှစ်တွင် မဂ္ဂါဝပ် ၂,၉၀၀ ခန့် တိုးမြှင့်နိုင်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။
နှစ်အလိုက်လူဦးရေတိုးတက် မှုနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမြင့်တက်လာခြင်းကြောင့် လျှပ် စစ်ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရန် လိုအပ်ချက်များစွာရှိနေခဲ့ ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။
===================
251 / End