၁၇ ဩဂုတ် ၂၀၁၆ - ၁၅:၂၇
 အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးဘရွှေနှင့် တွေ့ဆုံခြင်း ‘‘ရေကတော့ သုံးတတ်ရင် မိတ်ဆွေပဲ။ မသုံးတ

မြန်မာနိုင်ငံသည် သဘာဝ အနေအထားအရ မြစ်ချောင်းအင်းအိုင်များ ပေါများသော်လည်း အပူပိုင်းဒေသများတွင် ရေရှားပါးမှု ပြဿနာနှစ်စဉ်ကြုံတွေ့နေရသကဲ့ သို့ ရေကြီးရေလျှံမှု ပြဿနာကိုလည်း ဆိုးရွားစွာကြုံတွေ့နေ ရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံသည် သဘာဝ အနေအထားအရ မြစ်ချောင်းအင်းအိုင်များ ပေါများသော်လည်း အပူပိုင်းဒေသများတွင်

ရေရှားပါးမှု ပြဿနာနှစ်စဉ်ကြုံတွေ့နေရသကဲ့ သို့ ရေကြီးရေလျှံမှု ပြဿနာကိုလည်း ဆိုးရွားစွာကြုံတွေ့နေ

ရသည်။ လက်ရှိတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့မှ ဧရာဝတီမြစ်ကြောင်း အတိုင်း ရှိနေသည့်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့အထိ မြို့ပေါင်း ၂၀ တွင် ရေဘေးကြောင့်

လူခြောက်ဦးသေဆုံးပြီး လူဦးရေ လေးသိန်းကျော်
ရေဘေးကြောင့် ဒုက္ခရောက်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေရှားပါးမှု၊

ရေပြဿနာအခက်အခဲများနှင့် ပတ်သက်၍ ရေသန့်အင်ဂျင်နီယာ (အငြိမ်းစား)နှင့် အမျိုးသားအဆင့်ရေ

အရင်းအမြစ်ကော်မတီ ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင် ဦးဘရွှေနှင့် မေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။


မြန်မာနိုင်ငံမှာက ရေကြီးရေလျှံမှု ကြောင့် ရေဘေးသင့်ပြဿနာ တွေ၊ ရေရှားပါးမှုပြဿနာတွေက နှစ်စဉ်ဖြစ်ေ

နတော့ ဒီပြဿနာတွေ အတွက် ဘာတွေပြင်ဆင်သင့်ပြီ လို့ ထင်ပါသလဲ။

အခုဖြစ်နေတာက ရေရှားပါးမှုပြဿနာ။ မိုးတွင်းဆို ပေါများပြီးတော့ မထိန်းနိုင်တဲ့ ပြဿနာ။ ဒီနှစ်ခုက ဖြစ်နေတယ်။

နွေဘက်ဆို ရေရှားတယ်။ တကယ်လို့သာ မိုးတွင်းမှာ ရွာတဲ့မိုးကို စနစ်တကျနဲ့ ထိန်းသိမ်းထားရင် နွေကျရင်
ပြန်ပေးမှာပေါ့။ ရှိတဲ့ရေကို မထိန်းနိုင်ဘူး။ နွေကျရင် ရေရှားပါးမှုကို ကြုံတွေ့ရ ရော။ မိုးတွင်းမှာ

ရေကို အကျိုးရှိ စွာ လှောင်ထား။ သန့်စင်မှုအဆင့် ဆင့်လုပ်ရမယ်။ နွေဘက်မှာ ရေရှားခြင်းသည် သင့်တင့်လျောက်ပတ်တဲ့
ရေလှောင်ကန်တွေကို စနစ်တကျလှောင်ပေးဖို့ အားနည်း ခဲ့တယ်။ လှောင်ရုံနဲ့ မပြီးဘူး။ ဒီရေ တွေက စိမ့်ပြီး

ခန်းသွားတယ်။ မြေ အနေအထားပေါ်မူတည်ပြီး ခန်း တယ်။ ပူရင်လည်း အငွေ့ပြန်တယ်။ စနစ်တကျ စီမံ
သင့်တယ်။ သုံးတဲ့ ရေကို စနစ်တကျသုံးသလို ထိန်းတဲ့ရေကို စနစ်တကျထိန်းရင် အတိုင်းအတာတစ်ခုအထိတော့ ပြေလည်မှာပေါ့။

လက်ရှိပြန်ဖွဲ့ထားတဲ့ ရေအရင်းအမြစ်ကော်မတီမှာ အကြံပေးအဖွဲ့ဝင်အဖြစ် ပါဝင်ထားတော့ ရေဘေးအတွက် ဘယ်လိုအကြံဉာဏ်တွေ ပေးထားပါသလဲ။

အကြံပေးဖို့အတွက်က ကော်မတီနဲ့ အကြံပေးအဖွဲ့တွေတွေ့ပြီးမှ လုပ်မယ် ထင်ပါတယ်။ အခုတော့ မတွေ့ရသေးဘူး။

ချောင်းတွေ မြောင်းတွေက သူ့ရေစီးကြောင်း အတိုင်းရှိနေတာ။ ဧရာဝတီလည်း အတူတူပဲ မြစ်လက်တက်
တွေကို ၀င်ပြီး စီးဆင်းနေတယ်။ တချို့နေရာမှာ နုန်းတင်မြေဖြစ်တယ်။ တစ် နေရာရာမှာ ပိတ်လိုက်ရင် ရေစီး

ကြောင်းတွေပြောင်းလဲပြီး တိမ် ကောလာမယ်။ ဟိုတုန်းက မိုးတွင်းမှာ တဝေါဝေါဆင်း လာတဲ့ရေကို ထိန်းသိမ်းနိုင်
သလို တိမ်လာတဲ့ အခါကျတော့ ထိန်းနိုင်တဲ့အားမရှိ တော့ဘူး။ မထိန်းနိုင်တော့ လျှံထွက်လာတယ်။ တိမ်ကောနေတဲ့ ချောင်းတွေ၊

မြောင်းတွေကို ဆယ်ဖို့အတွက် အရေးကြီးလုပ်သင့် တယ်။ မလုပ်လေ မလုပ်လေနဲ့ ကြာရင် လုပ်ဖို့ ခက်သွားမယ်။

ဒါ လည်း ရေလွှမ်းတဲ့ အကြောင်းပဲ။ နောက်တစ်ခုက အပင်တွေခုတ် တယ်။ သစ်ပင်တွေ မရှိတော့ ထိန်း

နိုင်စွမ်းလည်း မရှိဘဲ ဝေါခနဲဆို အကုန်ပါတာပဲ။ ဒါတွေကို မလုပ်ဘူး ဆိုရင် သားစဉ်မြေးဆက်
ပိုခံရမှာပဲ။

ရေဘေးအတွက် အစိုးရက လုပ်ဆောင်တာတွေ လိုအပ်ချက်ရှိ တုန်းပဲလို့ ဝေဖန်ကြတာရှိတော့ အသစ်ပြန်ဖွဲ့ထားတဲ့

ကော်မတီ အသစ်ကကော ဘာတွေလုပ် ဆောင်သင့်ပြီလို့ ထင်ပါသလဲ။

သူကျွမ်းကျင်ရာ နယ်ပယ်အလိုက် စုစည်းပြီးတော့ လုပ်နေကြတယ်။ ရေအရင်းအမြစ်ကို ထိန်းသိမ်း ကာကွယ်ပြီးတော့

အကျိုးရှိ ရှိသုံးနိုင်ဖို့အတွက် ရေအရင်းအ မြစ်ကော်မတီကြီးကို ဖွဲ့တာ။ ဒီပြဿနာကို စုစည်းမှုအားနဲ့ လုပ်ရမှာ။

တစ်ယောက်တည်းအကြံနဲ့ စာရင် သုံးယောက်အကြံဉာဏ်နဲ့ ကောင်းတဲ့အချက်တွေကို ယူပြီး တော့ စနစ်တကျလေးနဲ့

တစ်ဦးချင်းပဲ လုပ်လုပ်၊ အထက်ကိုတင်ပြီးမှ အမိန့်နာခံပြီးပဲ လုပ်လုပ်လုပ် ဆောင်သင့်တယ်။ အခုလက်ငင်း က ရေလွှမ်းမိုးမှု

ဖြစ်နေတယ်။ ဒါ ကော်မတီရဲ့ တာဝန်ပဲ။ သူတို့ဘာ တွေလုပ်နေလဲ ဆိုတာတော့ ထဲထဲဝင်ဝင်မသိဘူး။ လူတွေကတော့

ဝိုင်းကူကြတာပဲ။ သို့သော် ဒီပုဂ္ဂိုလ်တွေက တစ်ပွဲတိုး မလုပ်ပါနဲ့တော့ အရင်နှစ်တွေ ကလည်း ရေဘေး ကြုံဖူးတယ်။

ရေရှားပါးမှုကြုံဖူးတယ်။ အခုရေလွှမ်းတာ ဖြစ်တယ်။ မိုးကုန်ရင် ရေရှားဦးမယ်။ အခု လောက်ကတည်းက

ရေတိုရေ ရှည်စီမံကိန်းတွေ လုပ်သင့်ပြီ။ တာဝန်ရှိတဲ့ ကော်မတီက လူတွေက
ထောက်ပြစေချင်တယ်။ ဖြစ်နေတဲ့ ပြဿနာကို ကုစားဖို့က နည်းလမ်းတွေ ရှိတယ်။ ဒါကို စနစ်တကျ လုပ်ဖို့ပဲ။

လက်ရှိဖြစ်စဉ်အရ မြန်မာနိုင်ငံ အနေအထားက ရေအရင်းအမြစ် ကိစ္စရပ်တွေမှာ စိုးရိမ်စရာ ကောင်းနေပြီလား။

စိုးရိမ်စရာ အနေအထား ဖြစ်နေပြီပေါ့။ မြေအောက်ရေရော၊ မြေပေါ်ရေရော။ ပြောရရင် မြန်မာနိုင်ငံသည်

သဘာဝ အနေအထား အရ ရေရှားစရာမရှိဘူး။ ဒီလောက် သဘာဝအရ ကောင်းနေတာ။ မိုးရော ဘာရော

အကုန် အဆင်ပြေတယ်။ ဒါကို ထိန်းထိန်းသိမ်းသိမ်း မလုပ်ခဲ့လို့။ ဆည်တွေ ဆောက်ပေမယ့်

အလွဲတွေဖြစ်နေတယ်။ ဧရာဝတီကြီးကို နိုင်ငံခြားပညာရှင်က ကြည့်ပြီး အညာမှာ

ရေရှားတယ်ဆိုတော့ သူတို့တွေ အံ့သြနေတာ။ ဒါရေ မဟုတ်ဘူးလား ဆိုပြီး။ အဲဒီရေက ရွာတွေကို

ရောက်အောင်မှ မလုပ်နိုင်ခဲ့တာကိုး။ ဒါကြောင့် ရှားတယ်ဖြစ်လာတာ။ အခုမိုးတွင်းကျတော့ ပေါလိုက်တာမှ

လူတွေတောင်နေစရာမရှိတော့ဘူး။ အဓိက ရှိပြီးသား မြေအောက် မှာရော၊ မြေပြင်မှာရော

ရေအရင်းအမြစ်က သူများနိုင်ငံမှာလို ရေမရှိလို့ ရှားတာမဟုတ်ဘူး။ တစ်ဖက်က ရာသီဥတု ပြောင်းလဲမှုရှိတယ်

ဆိုတာလည်း မှန်ပါတယ်။ ဒါလည်း ဆင်ခြင်ရမှာပေါ့။

ရေပြဿနာနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ရင် နောင်ဘယ်နှနှစ်လောက်ဆို ရေပြဿနာ နဲ့ ပတ်သက်ပြီး

ဆိုးရွားတာတွေကြုံနိုင်လဲ။

နှစ်တွေတော့ ချီမနေနဲ့၊ အခုပဲဖြစ်နေတာ။ ဒီနှစ်မလုပ်ရင် နောင် နှစ်ပိုခံရမယ်။ နောင်နှစ် မလုပ်ရင် နှစ်စဉ်ပိုခံရမှာပဲ။

နောင် ၁၀ နှစ် ကြာမှ ငါတို့ ပိုခံရမှာ မဟုတ်ဘူး။ မိုးဦးစောမယ်။ နှောင်းမယ်။ ဒါပဲ ကွာမယ်။

အခုဆိုနေရာ ဒေသတချို့မှာ ရေ လွှမ်းမိုးမှုတွေဖြစ်နေတော့ ဒီရေဘေးကြောင့် ရေချိုတွေ

ဆုံးရှုံးသွား နိုင်ပါသလား။

ရေချိုဆုံးရှုံးမှုကတော့ ဖြစ် မှာ။ ရေတွင်း ရေကန်တွေ ပျက်စီးပြီး ရေကြောပိတ်တာတွေ ဖြစ်မှာ။

ရေဆိုးရေညစ်တွေ ၀င်လာမှာ။ ရေကျရင်လည်း ဒါတွေပြန်ပြင်ရ ဦးမယ်။ ညစ်ပတ်သွားပြီ။ ပြောရရင် ကွင်းဆက်တွေက
ကြောက်ဖို့ ကောင်းတယ်။

ရေလွှမ်းမိုးတာကြောင့် ရေတွင်း ရေကန်တွေ ပျက်စီးတာတွေရှိတော့ လက်ကျန်ရေကို အန္တရာယ်ကင်းအောင် ဘယ်လို သုံးစွဲသင့်ပါသလဲ။

လက်ကျန်ရေကိုသုံးစွဲဖို့က အခုရေတွေက နောက်နေပြီ။ ရေကို အပြင်ပန်းအရကြည့်ရင် နောက်နေတော့ ကြည်အောင်လုပ်ဖို့ လွယ်တယ်။

ဆေးခတ်တာတို့၊ အနည်ထိုင်အောင်တို့ လုပ်လို့ရတယ်။ သောက်တဲ့ အခါမှာ ဒီရေ အရည်အသွေးက ဓာတုတွေ ပါနေတာတွေ ရှိနိုင်တယ်။

 ဒါကို လုပ်ဖို့နည်းလမ်းတွေ ရှိတယ်။ ရေကန်တွေကို လုပ်ဖို့ကျတော့ ခက်တယ်။ နောက်တစ်ခု ဆိုးတာက ဇီဝပေါ့။

ပိုးမွှားတွေ ဘာတွေ ပါလာနိုင်တယ်။ ဒီသုံးခုရှိ၊ မရှိစမ်းပြီး ကြည့်ရမယ်။ အပြင်အနေအထားအရ နောက်တာ၊
ကြည်တာ လုပ်လို့ရတယ်။ ဓာတုပါတာ နည်းနည်းခက်တယ်။ ဇီဝပိုးမွှား တွေကျတော့ ပိုခက်တယ်။ ဒါတွေ ဘယ်လိုလုပ်မလဲ

ဆိုတော့ ပညာရှင်တွေလိုလာပြီ။ အဲဒီအခါကျ တော့ ရေအရင်းအမြစ်ကော်မတီက အရေးကြီးလာပြီ။

ဒါတွေကို ဘယ်လိုပြန်ပြင်မလဲ ဆိုပြီး ဆိုင်ရာ ပညာရှင်တွေနဲ့ လုပ်ဖို့ လိုလာပြီ။

ရေပြဿနာနဲ့ ပတ်သက်ဖြည့်စွက် ပြောချင်တာများရှိပါလား။

တစ်နိုင်ငံလုံး အနေအထားနဲ့ ပြောရရင် အတွေ့အကြုံကတော့ ရနေပြီ။ ဖြစ်နေတာ နှစ်ကြာပြီလေ။

ဒါက အမျိုးသားအဆင့်ပြဿနာ ဖြစ်နေတာ။ ရေကတော့ သုံးတတ်ရင် မိတ်ဆွေပဲ၊ မသုံးတတ်ရင် ရန်သူ။

  ရန်သူဆိုတာက အခုဖြစ်နေတဲ့ ပြဿနာပဲ။ မသုံးတတ်လို့ သူ့ဟာသူ မိုးရွာတာတို့နဲ့ ဘာဆိုင်လဲ၊ ဒါမဟုတ်ဘူး။ ထိန်းသိမ်းကာကွယ်ရမယ့်၊ စနစ်တကျနဲ့ပေါ့။
===================
251 / End