အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ် သတင်းဌာန ၏ သတင်းဌာန သတင်းအထောက်အထား အရ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ထောက်လှမ်းရေးဝန်ကြီး ဟွဂ်ျဂျသွလ်အစ္စလာမ် မဲဟ်မူဒ် အလဝီ အနေဖြင့် အေမာမ် ဇမာန်း (အ.ဂျ) ၏ အမည် မဖော် စစ်သားများအနေဖြင့် အီရန် အနောက်ဖက်ပိုင်း ကေရ်မန် ရှား ပြည်နယ် တွင် လှုပ်ရှားမှု တစ်ခု အတွင်း IS နှင့် နွယ်နေသည့် အကြမ်းဖက် သမား ၄ ဦး သုတ်သင်နိုင် ခဲ့ပြီး ၆ ဦး ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး သေဆုံးသွားသည့် အကြမ်းဖက် ၄ ဦး အနက် အီရတ်တွင် လှုပ်ရှားနေသည့် IS အဖွဲ့ ၏ အရေးကြီး ကွန်မန်တို တစ်ဦးလည်း ပါဝင်နေကြောင်း၊ ထောက်လှမ်း ရေး အရာရှိများ ၏ တင်ပြချက်အရ အေမာမ် ဇမာန်း (အ.ဂျ) ၏ အမည် မဖော် စစ်သားများ အနေဖြင့် ကေရ်မန်ရှားပြည်နယ် တွင် လှုပ်ရှားမှု တစ်ခု အတွင်း IS နှင့် နွယ်နေသည့် အကြမ်းဖက် သမား ၄ ဦး သုတ်သင်နိုင် ခဲ့ပြီး ၆ ဦးအား ဖမ်းဆီး နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်ထောက်လှမ်းရေး အဖွဲ့၏ ဤ လှုပ်ရှား မှု သည် အကြမ်းဖက်အဖွဲ့များ အတွက် ကြီးမား သည့် အရှုံး ကို ဖြစ်စေခဲ့ပါတယ်။ ကေရ်မန်ရှား အစိုးရ ၏ သတင်း ပေးမှု အထောက်အထား အရ IS နှင့် နွယ်နေသည့် အကြမ်းဖက် သမားများကို ဖမ်းဆီး ထား ပြီး ဖြစ်ကြောင်း ၊၎င်းတို့၏ ယုတ်မာ ရက်စက်သည် အစီအစဉ်များ ကို ပျက်စီးနိုင်ဖို့ အသင့် ရှိ နေကြောင်း ပြောကြားခဲ့ပါတယ် ။
အကြမ်းဖက်သမားများ အနေဖြင့် မရ်ကဇ်ဇီ ပြည်နယ်တွင် အကြမ်းဖက်မှု ကြီးကို လှုပ်ဆောင်ဖို့ အကွက်ကျထားပြီး ဖြစ်ကြောင်း ၎င်းတို့ လက်အတွင်းမှ အရေအတွက် များသည့် လက်နက် များ နှင့် အသေခံဂျာကင်များ ကိုဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရပါ တယ်။
အီရန် နိုင်ငံ ထောက်လှမ်းရေး ဌာနများ အနေဖြင့် IS အကြမ်းဖက်အဖွဲ့များ ၊ အနောက် နိုင်ငံများ နှင့် ဆော်ဒီ အာေးပး အကြမ်းဖက်အဖွဲ့များကို အနီးကပ် ကြည့် ရှုနေကြောင်း သိရပါတယ်။
အီရန် ထောက်လှမ်းရေး ဝန်ကြီး အနေဖြင့် အီရန် နိုင်ငံ အနောက်ဖက်ပိုင်းတွင် ထောက်လှမ်းရေး အဖွဲ့ဝင်များ နှင့် လူထု အကြား အကောင်းတကာ အကောင်းဆုံး ကူညီမှု ရှိကြောင်း ၊လူထု ၏ အကူအညီ ကြောင့် အကြမ်းဖက်အဖွဲ့ ကို သုတ်သင်နိုင်မည့် လှုပ်ရှား မှုကို ပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ် ။
ဟွဂ်ျဂျသွလ်အစ္စလာမ် မဲဟ်မူဒ် အလဝီ အနေဖြင့် ဆက်လက် ပြီး အစ္စလာမ်မစ် တော်လှန်ရေး ရန်သူများ ၏ ကောက်ကျစ်သည့် အစဉ်အစီများ ကို ဖျက်စီးရန် လူထု နှင့် ထောက်လှမ်းအဖွဲ့အကြား ကူညီ ဖေးမမှု အလွန် အရေးကြီး လိုအပ်ကြောင်း ပြောကြားခဲ့ ပါတယ်။
ဆက်လက်ပြီး ၎င်းမှ အေမာမ် ဇမာန်း (အ.ဂျ) ၏ အမည် မဖော် စစ်သားများအနေဖြင့် အကြမ်းဖက်သမားများကို ကြီးမားသည့် ဆုံးရှုံးမှု ကို ဖြစ်စေခဲ့ကြောင်း ၊ အီရန် နိုင်ငံ ထောက်လှမ်းရေး ဌာနများ အနေဖြင့် အကြမ်းဖက်အဖွဲ့များကို အနီးကပ် ကြည့် ရှုနေကြောင်း ပြောကြား ခဲ့ပါတယ် ။
===============================
251 /End