အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(ဘာသာကြီးများ ဖေရ်ကာများ ဖက်မှ IS နှင့် အကြမ်းဖက်ဝါဒ အားဆန့်ကျင်ရေး ) ခေါင်းစဉ် နှင့် ညီလာခံတစ်ခုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ကျင်းပခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် (ဗွန်နရာသ်သေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ) အဖွဲ့၏ ဥက္ကဋ္ဌ H.I ဆယက်ဒ် အီဗရာဟီးမ် ခလီးလ် ရဇာဝီး နှင့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ခေါင်းဆောင်များ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရာဂ်ပူးလ်ပြည်နယ် ရဲချုပ် တို့ မှ တက်ရောက် နေရာယူခဲ့ကြပါတယ်။
ဥက္ကဋ္ဌ H.I ဆယက်ဒ် အီဗရာဟီးမ် ခလီးလ် ရဇာဝီး မှ ဤ ညီလာခံ ကို တက်ရောက်သူ ခန့်မှန်းခြေ အယောက် ၁၀၀၀၀ ခန့် ရှိပြီး ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံ လုံးကို တိုက်ရိုက် ရုပ်မြင်သံကြား မှတဆင့် ထုတ် လွှင့်နိုင်ခဲ့ကြောင်း ပြေကြားခဲ့ပါတယ်။ဆက်လက်ပြီး ၎င်းမှ ဝမ်းနည်း စွာ ဖြင့် အသိဥာဏ် ခေါင်းပါးသည့် အစွန်းရောက် အကြမ်းဖက်ဝါဒီများ၏ လှုပ်ရှားမှုများ ကြောင့် လက်ရှိ ခေတ် ကာလတွင် ကမ္ဘာ့ ကို ထွန်းလင်းတောက်ပနေသည့် အစ္စလာမ် သာသနာကို တိုက်ခိုက် ခံနေရ ကြောင်း ပြောကြားခဲ့ပါတယ်။
(ဗွန်နရာသ်သေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ) အဖွဲ့၏ ဥက္ကဋ္ဌ အနေဖြင့် မိမိ၏ ပြောကြားမှု တွင် ရက်စက် မှု အရှေ့ ဝယ် နှုတ်ဆိတ်နေခြင်းသည် အပြစ်ရှိ ကြောင်း ၊ အိုလမာယေ အစ္စလာမ်အနေဖြင့် မွတ်စလင်မ်များ အားလုံး သွေးစည်း ညီညွတ်ရေး ကို ကို ထိန်းသိမ်းပေးကြဖို့ နှင့် ကမ္ဘာ့ ကို ထွန်းလင်းတောက်ပနေသည့် အစ္စလာမ် သာသနာကို တိုက်ခိုက် နေသည့် အစွန်းရောက် အကြမ်းဖက်ဝါဒများ၏ လှုပ်ရှားမှုများကို ကန့်ကွက် ရှုတ်ချ ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး ကမ္ဘာ ပေါ် ရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့များကို အားပေး အားမြှောက် ပြုနေသူများ အကြောင်း ကိုလည်း တင်ပြ ပြောကြားခဲ့ပါတယ်။ ပြီးနောက် အစွန်း ရောက် ၊အကြမ်းဖက်ဝါဒ ၏ အရင်းခံအကြောင်းအရာများ ကို အိုလမာ နှင့် သာသနာ့ ပညာရှင်များ ဦးဆောင် မီးမောင်းထိုးပြ ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
နောက်ဆုံး မဂ်ျမယေ ဂျဟာနီအဲဟ်လေ့ဘိုက်(သ) (အ.စ)အဖွဲ့ဝင် တစ်ဦးလည်း ဖြစ် (ဗွန်နရာသ်သေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ) အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ H.I ဆယက်ဒ် အီဗရာဟီးမ် ခလီးလ် ရဇာဝီး အနေဖြင့် မိမိ၏ မိသားစု ဝင်များ ကို လမ်းလွဲ လမ်းမှား အစွန်းရောက် အကြမ်းဖက်မှု ဝါဒမှ ကင်းလွတ်အောင် ထိန်း သိမ်း နိုင်ဖို့ အရေး ကြီး ကြောင်း ပြောကြားခဲ့ပါတယ်။





======================================================
251/End