၂၈ ဩဂုတ် ၂၀၁၆ - ၁၉:၀၆
ငလျင်ကြောင့် ပျက်စီးမှုရှိခဲ့သည့် နဂါးပွက်တောင်ကို တပ်ချုပ်ကြည့်ရှု

ငလျင်ဒဏ်ကြောင့် ပျက် စီးဆုံးရှုံးခဲ့သည့် မင်းဘူးမြို့ရှိ နဂါးပွက်တောင်သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ကြည့်ရှုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ငလျင်ဒဏ်ကြောင့် ပျက် စီးဆုံးရှုံးခဲ့သည့် မင်းဘူးမြို့ရှိ နဂါးပွက်တောင်သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ကြည့်ရှုခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သြဂုတ် ၂၆ ရက် ညနေ ၄ နာရီကျော်က နဂါးပွက် တောင်ရှိ နဂါးရုံဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူ၍ ငလျင်ဒဏ်ကြောင့် မျက်နှာကြက် များ ပျက်စီးခြင်း၊ အောက်အခင်း များ ကွဲအက်ခြင်းနှင့် နဂါးပွက် တောင်၊ အစ်မတော်တောင် ဘောင်များ ကွဲအက်ခြင်းတို့ကို ကြည့်ရှုခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နဂါးပွက် တောင်၏ ဓလေ့ထုံးတမ်းအရ နဂါးပွက်တောင်အတွင်းသို့ နွားနို့ ပက်ဖျန်းခြင်း၊ နဂါးစာကျွေးခြင်း၊ ပန်းထိုးခြင်းများ ပြုလုပ်ခဲ့သည်။ သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ် ကြောင့် နဂါးပွက်တောင်ရှိ ပျက် စီးဆုံးရှုံးမှုများကို ဘက်စုံပြုပြင် မွမ်းမံနိုင်ရေးအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများက  ကျပ်သိန်းတစ်ရာ လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညနေက ငလျင်လှုပ်ခတ်ခဲ့ချိန်တွင် နဂါး ပွက်တောင်မှ ရွှံ့ချော်ရည်များ တောင်ခြေအထိ လျှံကျခဲ့ပြီး နား နေဆောင် အောက်အခင်းများ ကွဲ အက်ခြင်း၊ မျက်နှာကြက်များပျက် စီးခြင်း၊ နဂါးပွက်တောင်ပေါ် တက်သည့် တန်ဆောင်းလမ်း လှေကားများ ပျက်စီးခြင်းနှင့် အုတ်တံတိုင်းပြိုပျက်ခြင်းများ ဖြစ် ပေါ်ခဲ့သည်။

==================
251/End