အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အင်အားပြင်းင လျင်ဒဏ်ခံရ၍ ပျက်စီးခဲ့သော ပုဂံဘုရာများ ပြန်လည်ပြုပြင်ရန် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက သြဂုတ် ၃၀ ရက်တွင် ရရှိသော ၎င်းတို့၏နေ့တွက်စရိတ်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘ရရှိသော အလှူငွေများကို ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင် ပျက်စီးခဲ့တဲ့ ယဉ်ကျေးမှုအမွေ အနှစ်ရှေးဟောင်းစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် လှူ ဒါန်းသွားမှာ ဖြစ်ပါတယ်’’ဟု အ မျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက ပြောသည်။
အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ၂၂၁ ဦးရှိရာ တစ်ဦးလျှင် နေ့တွက်စရိတ် ကျပ်နှစ် သောင်းနှုန်းရရှိသဖြင့် လှူဒါန်းငွေ ကျပ် ၄၄ သိန်းကျော်ရရှိမည်ဖြစ် သည်။
ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ တစ်ရက် တာနေ့တွက်စရိတ်စုစုပေါင်းကျပ် ရှစ်ဆယ့်ငါးသိန်း နှစ်သောင်းကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များသည် ရေဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ ရန် ၎င်းတို့၏နေ့တွက်စရိတ်များ ကို သြဂုတ်လဆန်းက လှူဒါန်းခဲ့ ကြသည်။
ထို့အပြင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း ကျပ် ၆၄ သိန်း ထပ်မံလှူဒါန်းခဲ့ သည်။
၂၀၁၆ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီကျော်က ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ပုဂံဘုရားပုထိုးပေါင်း ၃၉၇ ဆူ ထိခိုက်ပျက်စီးခဲ့ရသည်။
===================
251 / End