အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၁ ရာစု ပင်လုံ ညီလာခံတွင် အားလုံးပါဝင်နိုင် ရေး အတတ်နိုင်ဆုံး ဆောင်ရွက် ပေးမည်ဖြစ်သော်လည်း တက် ရောက်မည်၊ မတက်ရောက်မည် ကိုမူ ကာယကံရှင်များကသာ ဆုံး ဖြတ်ရမည်ဖြစ်ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
၂၁ ရာစုပင်လုံညီလာခံ ဖွင့် ပွဲအခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေ သော ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် မစ္စတာဘန်ကီမွန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ သြဂုတ် ၃၀ ရက်က တွေ့ဆုံခဲ့ပြီး သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲ တွင် ၂၁ ရာစုပင်လုံညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် အ ဖွဲ့အားလုံး ပါဝင်တက်ရောက်နိုင် ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေး နွေးမူများ မပြီးပြတ်သေးသည့်အ ပေါ် မေးမြန်းမူနှင့် ပတ်သက်၍ ‘‘တတ်နိုင်သမျှ များများတက်နိုင် အောင်တော့ ကျွန်မတို့ တတ်နိုင်သမျှ အားလုံးလုပ်ပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ တက်၊ မတက်ဆိုတာတော့ ကာယကံရှင်တွေကိုယ်တိုင်က ဆုံးဖြတ်ရမှာဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
ဘန်ကီမွန်းကလည်းမြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ထောက်ခံကြောင်း ပြသ သည့်အနေဖြင့် ပင်လုံညီလာခံသို့ တက်ရောက်ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ ဒီမိုကရေစီတည်ဆောက် ရေးလုပ်ငန်းများကို ဆက်လက် ထောက်ခံမည်ဖြစ်ကြောင်း သ တင်းစာရှင်းလင်းပွဲတွင် ထည့် သွင်းပြောကြားသည်။
သြဂုတ် ၃၁ ရက်တွင် စတင် ကျင်းပမည့် ၂၁ ရာစုပင်လုံညီ လာခံဖွင့်ပွဲတွင် ဘန်ကီမွန်းက မိန့် ခွန်းပြောကြားမည်ဖြစ်သည်။ ပင် လုံညီလာခံသို့ အပစ်မရပ်အဖွဲ့ ၁၀ ဖွဲ့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ တက် ရောက်မည်ဖြစ်သည်။ သို့သော် မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ ဖြစ်သည့် တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့သုံးဖွဲ့မှာမူ လက်နက် ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ကြေညာချက်ထုတ်ပြန် ရန်ကိစ္စ နှင့်ပတ်သက်၍ ညှိနှိုင်းမူများ ပြေ လည်ခြင်းမရှိဘဲ ပင်လုံညီလာခံ တက်ရောက်ရန် ရာခိုင်နှုန်း နည်း ပါးနေသည်။ အစိုးရဘက်ကမူ ထိုသုံးဖွဲ့အတွက် လမ်းဖွင့်ပေး ထားဆဲဖြစ်ကြောင်း ဆိုသည်။
===================
251 / End