၇ စက်တင်ဘာ ၂၀၁၆ - ၁၁:၃၂
အာရှ ကာယဗလ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ၂ ခုရရှိ

ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အကြိမ် ၅ဝ မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ ကာယဗလ အားကစားသမား ၂ ဦးက ရွှေတံဆိပ်ဆု ၂ ခု ရရှိသွားပါတယ်။ ကီလို ၆ဝ အလွတ်တန်းပြိုင်ပွဲမှာ ထွန်းထွန်းအောင်က ရွှေတံဆိပ်ဆုနဲ့ (40-50) Year Master Club တန်းပြိုင်ပွဲမှာ တတိယဆု ရှိသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘူတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အကြိမ် ၅ဝ မြောက် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ ကာယဗလ အားကစားသမား ၂ ဦးက ရွှေတံဆိပ်ဆု ၂ ခု ရရှိသွားပါတယ်။

ကီလို ၆ဝ အလွတ်တန်းပြိုင်ပွဲမှာ ထွန်းထွန်းအောင်က ရွှေတံဆိပ်ဆုနဲ့ (40-50) Year Master Club တန်းပြိုင်ပွဲမှာ တတိယဆု ရှိသွားပါတယ်။

အလားတူ ၆၅ ကီလို အလွတ်တန်းပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံက ထွန်းမင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိသွားပါတယ်။

စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ပေါင်း ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်နေရာမှာ အမျိုးသမီး ကာယအလှမယ်  နန်းလောင်ခမ်းကတော့ ၁၆ဝ စင်တီမီတာအောက် Model Physique ပြိုင်ပွဲကို ဒီကနေ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
===================    
251 / End