၂၉ အောက်တိုဘာ ၂၀၂၀ - ၂၀:၂၉
အလာမာ ဃာဇီ ဆရက်ဒ် ဟိုစိန် နကဝီ အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူ

H.I အလာမာ ဃာဇီ ဆရက်ဒ် ဟိုစိန် နကဝီ သည် ဂျအ်မေအသိုလ်မွန်သဇရ် လာဟိုရ် ၏ ကြီးကြပ်ရေးမှူး ၊ ပါကစ္စတန် အမျိုးသားသွေးစည်း ညီညွတ်ရေး ကောင်စီ နှင့် ပါကစ္စတန် မဒရ်ဆာ ကျောင်း များအဖွဲ့ချုပ် ၏ ဒု ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

ဟောင်ဇေအေလ်မီယေ သတင်းဌာန ၏ သတင်း အထောက်အထား အရ ဂျအ်မေအသိုလ်မွန်သဇရ် လာဟိုရ် ၏ ကြီးကြပ်ရေးမှူး ၊ ပါကစ္စတန် အမျိုးသားသွေးစည်း ညီညွတ်ရေး ကောင်စီ နှင့် ပါကစ္စတန် မဒရ်ဆာ ကျောင်း များအဖွဲ့ချုပ် ၏ ဒု ဥက္ကဋ္ဌ ဖြစ်သူ H.I အလာမာ ဃာဇီ ဆရက်ဒ် ဟိုစိန် နကဝီ သည် အလ္လာဟ်ဟို အရှင်မြတ် အမိန့် ခံယူ သွားပါတယ်။

اناللہ وانااله راجعون

မရ်ဟွန်မ် သည် နိုင်ငံရေး နှင့် ဘာသာရေး ဆိုင်ရာ ကိစ္စ များ တွင် လေးလေးနက်နက် အမြင် ရှိသူ ဖြစ်ပြီး ကိစ္စပေါင်းစုံ တွင် ပါကစ္စတန် မဒရ်ဆာ ကျောင်း များ အဖွဲ့ချုပ် ၏ ပြောရေး ဆိုခွင့် ရှိသူနေရာ မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး စိတ်ဝင်စားသူ ဖြစ်သဖြင့် နိုင်ငံရေး ပါတီများ ၏ အစည်းအဝေးများ တွင် ဂျအ်မေအသိုလ်မွန်သဇရ် လာဟိုရ၏ ကိုယ်စားလှယ် အဖြစ် တာဝန် ယူခဲ့ သူဖြစ်ပါတယ်။

ပါကစ္စတန် အမျိုးသားသွေးစည်း ညီညွတ်ရေး ကောင်စီ နေရာမှ လည်း ရှီအာ ဘာသာဝင်များ ဘက်မှ အာနိသင် ရှိသည့် အသံရှင် ဖြစ်ခဲ့ပါတယ်  ။

H.I အလာမာ ဃာဇီ ဆရက်ဒ် ဟိုစိန် နကဝီ သည် ကရိုနာ ဗိုင်းရပ်စ်  ကြောင့် အချိန် အတော် ကြာ နေမကောင်း ဖြစ်ခဲ့ပြီး တီဟီရန် တွင် ဆေးကုသမှု ကိုခံယူခဲ့ပါတယ်။ မရ်ဟွန်မ်၏ ကျန်ရစ်သူ မိသားစု ဝင်များ မှာ သား၅ ဦး ၊သမီး ၃ယောက်နှင့် ဇနီး ၂ဦး ကျန်ရစ်ခဲ့ပါတယ်။

H.I အလာမာ ဃာဇီ ဆရက်ဒ် ဟိုစိန် နကဝီ သည် အီရန်အစ္စလာမ်မစ် နိုင်ငံ တွင် တရား သူကြီး အဖြစ် လည်းကောင်း အလီ မဇ်ဂျစ်ဒ် ၏  အေမာမ် မေ ဂျွန်မာ အဖြစ် ၎င်း တာဝန်ထမ်း ဆောင်ခဲ့ သူဖြစ်ပါတယ်။

****************************************

END / 251