အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
Mehr သတင်းအေဂျင်စီ၏ သတင်း အထောက်အထား များ အရ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ H.I ရှုဟာနီ အနေဖြင့် အီရန်နိုင်ငံ အပေါ် အမေရိကန် ၏ ဆန့်ကျင်ရေး ခြေလှမ်းများ နှင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့ မှုများ၏ ကျရှုံးမှု၊ မအောင်မြင်မှု ဘက်သို့ ညွှန်း၍ ပြောကြားသည်မှာ - အမေရိကန် တို့ ၏ အီရန် ဆန့်ကျင်ရေး ဆိုင်ရာ ဆိုးရွားလှသည့် ရန်းမှန်းချက်များကို ရောက်ရန် ကြိုးပမ်းမှု မှာ မအောင်မြင်ခဲ့ ကြောင်း ပြောကြား ခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ H.I ရှုဟာနီ အနေဖြင့် လျှပ်စစ် စွမ်းအား နှင့်ရေ၀န်ကြီးဌာန ၏ စီမံကိန်းပြီးစီးခြင်း နှင့် ဖွင့်ပွဲအခမ်းအနား တွင်အီရန်သမ္မတ မှ စီမံကိန်း ကိုပြီးစီး ခဲ့သောအရာရှိ များနှင့်အလုပ်သမားများ ကိုကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ ပါတယ်။
အီရန် သမ္မတ မှ ဆက်လက်ပြီး အီရန် နိုင်ငံ သည် ကဏ္ဍ အသီးသီး တွင် တိုးက်မှု ဘက်သို့ ဦးတည်း ခြေလှမ်းနေကြောင်း အီရန် နိုင်ငံ တိုးတက်အောင်မြင်ကြောင့် အမေရိကန် အာဏာ ပိုင်များ မီး တောက်ပူလောင်းမှု ကို ခံ စားနေကြရကြောင်း အမေရိကန် အနေဖြင့် အတင်းအကြပ်စီးပွားရေး ပိတ်ဆို့ ထားတောင်၎င်းတို့၏ ဆိုးရွား သည့်ရန်းမှန်းအထိ ရောက်ရန် ခြေလှမ်း ရာတွင် မအောင်မြင် ဘဲ ကြီးကြီး မားမား ကျရှုံး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ H.I ရှုဟာနီ အနေဖြင့်ဆက်လက်ပြီး ပြောဆို သည်မှာ အမေရိကန် နှင့်အရန် အကြား စီးပွားရေး စစ်ပွဲမှာ ဆက်လက် ဖြစ်ပွားရေကြောင်း အီရန် အနေဖြင့် ဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေးဇူးတရားတော်များ ဖြင့် အောင်မြင် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါက်တာ H.I ရှုဟာနီ အနေဖြင့်ဆက်လက်ပြီး ပြောဆို သည်မှာ - အီရန်ပြည်သူလူထုအား မျှော်လင့်ချက် ကင်းအောင် ဝါဒဖြန့် မှုသည် ကောင်းသည့်လုပ်ရပ် မဟုတ် ကြောင်း အီရန် ပြည်သူလူထု အနေဖြင့် တိုးတက်မှု ဘက်သို့ ခြေလှမ်းနေကြောင်း အခန်းကဏ္ဍ တိုင်းတွင် သာဓက အား ဖြင့် ကာကွယ်ရေး ဆိုင်ရာ ကဏ္ဍ တွင် မိမိ ခြေထောက်ပေါ် မိမိ ရပ်နိုင်သွား ပြီး ဖြစ်ကြောင်း ယနေ့ အီရန် လူမျိုး ကျွမ်းကျင်သူများကြောင့် ကမ္ဘာ့ အတိုးတက်ဆုံး ၁၀ နိုင်ငံ စာရင်း ဝင် ပါဝင်လာ ပြီး ဖြစ်ကြောင်း ပြီးနောက် အီရန် လူမျိုးများ စည်းလုံး ညီညွတ် ရန် တိုက်တွန်း ပြောကြားပြီး စည်းလုံး ညီညွတ်မှု ဖြင့် အမေရိကန် နျင့် ၎င်းတို့ ၏ မဟာမိတ် နိုင်ငံများ ၏ အစီအစဉ်များ အကြံအစည်များ ကို ချေဖျက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
**************************************
END / 251