အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရွေးကောက်ပွဲမဲဆွယ်ကာအတွင်း ကိုယ်စားလှယ်လောင်းများအနေဖြင့် လက်တွေ့မဖြစ်နိင်သည့် မဲဆွယ်စကားများပြောခြင်းသည် လိမ်လည်မှုမြောက်ကြောင်း ပန်းဘဲတန်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က ဒေသခံများထံ မဲဆွယ်စည်းရုံးရေးတွင်ပြောသည်။
"မဲဆွယ်စကားတွေပြောရတာ အရမ်းလွယ်တယ် ၊တကယ်မလုပ်နိင်ရင်တော့ အဲဒါလိမ်လည်မှုပဲ၊ အဲဒါကြောင့်ကျနော်တို့ဟာ တကယ်လက်တွေ့ကျပြီး တကယ်စလုပ်နိင်တဲ့အခြေအနေကနေပဲစလုပ်မယ်ဆိုတဲ့မဲဆွယ်စကားကိုပြောမယ်၊ပန်းဘဲတန်းမြို့နယ်ကို ဘာတွေလုပ်ပေးမယ်ဆိုတာထက် ဟောဒီ့ပန်းဘဲတန်းမြို့နယ်မှာ ဘာတွေလိုအပ်တယ်ဆိုတာကအဓိကဖြစ်တဲ့အတွက် မိဘပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး လွှတ်တော်မှာမေးခွန်းမေးတာ ၊အဆိုတင်သွင်းတာတွေ ၊ဥပဒေပြုလုပ်ငန်းစဉ်တွေမှာ ပါဝင်တာတွေကိုဆောင်ရွက်ရမယ်လို့ကျနော်နားလည်ထားတယ်"ဟု ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က ဒေသခံများထံ သတိပေးပြောကြားသည်။
ပန်းဘဲတန်းမြို့နယ် အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း ဦးသန်းနိင်ဦး နှင့်ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင် တို့၏ နောက်ဆုံးမဲဆွယ်ကမ်ပိန်းဟောပြောမှုကို နိုဝင်ဘာ ၅ ရက်နေ့နေ့တွင်ပြုလုပ်ခဲ့ပြီး ယင်းလှည့်လှည်ပွဲတွင် ဒေသခံများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်သူများ၏အသံကို အချိန်ပေး နားထောင်ခဲ့ကြသည်။
"ကျွန်တော်အများကြီးမပြောပါဘူး
ကျွန်တော်တို့ ဆင်ဖမ်းမယ်တို့ ကျားဖမ်းမယ်တို့ ပြည်သူတွေကို တာဝတိံသာပို့မယ်တို့ ဆိုပီး အပိုစကားတွေအများကြီးမပြောပါဘူး
ကျွန်တော့်အနေနဲ့ ဒီမှာရှင်းရှင်းလင်းလင်း တစ်ခုပြောပါမယ်။ ကျွန်တော်တို့ပန်းပဲတန်းမြို့နယ်မှာရှိတဲ့မိဘပြည်သူတွေကို ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ နိုင့်ထက်စီးနင်းလုပ်တာမျိုး၊ နှိမ်ချစော်ကားတာမျိုး၊ လူ့အခွင့်အရေးချိုးဖောက်တာမျိုးကို ကျွန်တော့်အနေနဲ့ ခေါင်းငုံ့ခံသွားမယ့်သူ မဟုတ်ပါဘူး"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားပြု အဖြစ်ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်က သူ၏မဲဆွယ်ဂတိတွင်ထည့်သွင်းပြောကြားသည်။
************************************
END / 251