အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
လူမှုကွန်ရက်စာမျက်နှာများနှင့် မီဒီယာများတွင် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးမဲဆန္ဒနယ်အဖြစ်ဖေါ်ပြခံရသည့် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် NLD ပါတီကိုယ်စားပြု ဦးစည်သူမောင်က ဆန္ဒမဲပေါင်း ၁၂၈၈၂ ဖြင့်အနိုင်ရရှိသွားကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ စာရင်းဇယားများအရသိရသည်။
ကိုစည်သူမောင်၏ အဓိကပြိုင်ဘက်အဖြစ် မီဒီယာများတွင်ဖေါ်ပြခံရသည့် DPNS ပါတီကိုယ်စားပြု ဒေါ်အိသဉ္ဇာမောင် မှာမှု ထောက်ခံမဲ အရေအတွက် ၁၄၃၇ ခန့်သာရရှိကြောင်းသိရသည်။
ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ စုစုပေါင်းမဲရလဒ်များမှာ
ဦးစည်သူမောင် (NLD) ၁၂,၈၈၂
အိသင်ဇာမောင်(DPNS) ၁,၄၃၇
ဦးမြင့်ခိုင်(USDP) ၉၀၉
ဦးအာကာကျော်((UPB) ၁၀၇ တို့ဖြစ်သည်
(မှတ်ချက်၊ အထက်ပါသတင်းတွင်ဖေါ်ပြထားသည့် မဲရလဒ်များသည် ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်များထံမှ Myanmar Muslim Media က စုံစမ်းဖေါ်ပြခြင်းသာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ထုတ်ပြန်ချက်မဟုတ်ပါ။)
**************************
END / 251