၁၈ ဒီဇင်ဘာ ၂၀၂၀ - ၁၉:၅၆
လွိုင်ကော် ကက်သလစ် သာသနာ ပိုင် ဂိုဏ်းအုပ် ဆရာတော်ကြီး ၏ ဈာပန ကျင်းပ

ခရစ်တော်၌ အိပ်ပျော်သွားတဲ့ လွိုင်ကော် ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဖင်းတျေးဖဲရဲ့ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ မနက်က လွိုင်ကော်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားရှိခိုးကျောင်းမှာ ကျင်းပပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ခရစ်တော်၌ အိပ်ပျော်သွားတဲ့ လွိုင်ကော် ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဖင်းတျေးဖဲရဲ့ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ မနက်က လွိုင်ကော်ရှိ  ခရစ်တော်ဘုရင် ဗဟိုဘုရားရှိခိုးကျောင်းမှာ ကျင်းပပါတယ်။

ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဖင်းတျေးဖဲဟာ ဒီဇင်ဘာလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်လောက်က လွိုင်ကော်ပြည့်သူ့ဆေးရုံကြီးမှာ ခရစ်တော်၌ အိပ်ပျော်သွားတာဖြစ်ပါတယ်။

ဈာပနအခမ်းအနားကို ရန်ကုန် ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်မောင်ဘိုက  အထူးလေယာဉ်နဲ့ လာရောက်ခဲ့ပြီး လွိုင်ကော်ရှိ ကက်သလစ်ဘာသာဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ဆရာတော် စတီးဖင်းတျေးဖဲကို ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က လွိုင်ကော် ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီးအဖြစ် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅   ရက်က  ခန့်အပ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

******************************************
END / 251