၁ ဇန်နဝါရီ ၂၀၂၁ - ၂၀:၂၉
ဟဇရသ် အာယာသွလ္လာဟ် မစ်ဗာ ယဇ်ဒီ အလ္လာဟ် အမိန့် ခံယူ

ဟောင်ဇေလ်အေလ်မီယေ ကွမ်း ၏ အကျော်အမော် ထိပ်တန်း ဆရာကြီးများ မှ ဆရာ တစ်ဆူ ၊ ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက် (သ) (علیهم السّلام ) ဘက်သို့ ဖိတ်ခေါ် သာသာနာပြု ဆရာ ဟဇရသ် အာယာသွလ္လာဟ် အလမာ မိုဟမ္မဒ် သကီ မစ်ဗာ ယဇ်ဒီ သည် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားကြောင်း ဝမ်းနည်းစွာ သိရှိ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇေလ်အေလ်မီယေ ကွမ်း ၏ အကျော်အမော် ထိပ်တန်း ဆရာကြီးများ မှ ဆရာ တစ်ဆူ ၊ ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက် (သ) (علیهم السّلام ) ဘက်သို့ ဖိတ်ခေါ် သာသာနာပြု ဆရာ ၊ ဝေလာယသ် နှင့် အေမာမ်မသ် ကဏ္ဍ ကို ကျွမ်းကျင် ပိုင်နိုင်ပြီး ရပ်တည် ကာကွယ် ပေးသူ ၊ မျိုးဆက်သစ်များ မှ ပညာ ရှင် ၊ ပညာတတ်များမွေးထုတ် သွန်သင်ပေးသူ ၊ အစ္စလာမ့် တော်လှန်ရေး သမားကောင်း ၊ မိုအ်စေစေ ယေ အေမာမ် ခိုမေနီ(ရ.ဟ) အမည် ရှိ ပညာရေး နှင့် သုတေသနာရေးရာ စင်တာ ကို တည်ထောင်သူ ဟဇရသ် အာယာသွလ္လာဟ် အလမာ မိုဟမ္မဒ် သကီ မစ်ဗာ ယဇ်ဒီ သည် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားကြောင်း ဝမ်းနည်းစွာ သိရှိ ရပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် သည် အစာအိမ် နှင့် အူ လမ်းကြောင်း ရောဂါ ကို ကာလအတော် ကြာခံစားနေရပြီး ယနေ့ သောကြာနေ့ ၁ရက် ၊၁လ ၊၂၀၂၁ ခုနှစ် ညနေပိုင်းအချိန် တွင် သက်တော် ၈၆ နှစ်အရွယ် တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားကြောင်း ဝမ်းနည်းစွာ သိရှိ ရပါတယ်။

မရ်ဟွန်မ် အာယာသွလ္လာဟ် သည် ၁၅နှစ် ခန့် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (علیهم السّلام) ၏အဓိပတိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ထိုနည်းတူစွာ မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလမာ မိုဟမ္မဒ် သကီ မစ်ဗာ ယဇ်ဒီး သည် ဂျအ်မေအဟ် မိုဒရေစင်းန် ၏ အဖွဲ့ ဝင် အဖြစ် ၊ မဂ်ျလစ်စေ ခွဗ်ရေဂန် ရဲဟ်ဗရ်ရီ တွင် ပြည်သူ ကိုယ်စားလှယ် တော် အဖြစ် ၊ မိုအ်စေစေ ယေ အေမာမ် ခိုမေနီ(ရ.ဟ) အမည် ရှိ ပညာရေး နှင့် သုတေသနာရေး စင်တာ ကို တည်ထောင်သူ အဖြစ် ၊ အီရန် အစ္စလာမ်မစ် တော်လှန်ရေး မအောင်မြင် ခင် ကစပြီး အောင်မြင် ပြီးနောက်ပိုင်းပြီးနောက် ယနေ့ အချိန် အထိ ပညာရေး ၊ဘာသာရေး ဆိုင်ရာ စာအုပ်များစွာ ကို ပုံနှိပ် ထုတ်ဝေ သူ အကြီးအကဲ အဖြစ် ၊ အစ္စလာမ့် အမြင်အရ ၊ ရှုထောင့် အရ ကဏ္ဍ စုံ ကို ရေး သားသီးကုံးခဲ့ သည့် စာရေး ဆရာ အဖြစ် တိုင်းပြည်၊ လူမျိုးနှင့် သာသနာ အကျိုးကို ပြုခဲ့သူ ဖြစ်ပါတယ်။

******************************************

END / 251