အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် လုံခြုံ တပ် မှ ယနေ့ တနင်္ဂနွေ နေ့ မနက်ပိုင်း တွင် ဗလို ဂျစ်စတန် ပြည်နယ် ရှိ မတ်ဂ်ျ အရပ် ရှိ ကျောက်မီးသွေး တွင်း တွင် အလုပ် လုပ်သူ ၁၁ ဦး အလောင်း အား ရရှိခဲ့ပါတယ်။ ၎င်း အလောင်းများ ကို ပြီးခဲ့သည့် ည ၊တနင်္ဂနွေ ည တွင် သက္က်ဖီးရီ အကြမ်းဖက် သမားများ ၊ ဝဟာဘီ အကြမ်းဖက် သမားများ မှ လူသား မဆန် ဘဲ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြပါတယ်။
ပါကစ္စတန် လုခြုံရေး တပ် ၏ ပြောပြညချက်အရ ဝဟာဘီ အကြမ်းဖက် သမား များ မှ ကျောင်းမီးသွေး တွင်း တွင် အလုပ်လုပ်နေသူများ အကြား ရှီအာ ဝန်ထမ်းများ ကို သီးခြား ဖယ်ထုတ်ပြီး လက် နှင့် ခြေ ကို တုတ် နှောင် ပြီး ဓား ဖြင့် ရက်စက် စွာ လည်လှီး သတ်ဖြတ်ခဲ့ ကြောင်း သိရှိ ရပါတယ်။
ပါကစ္စတန် နိုင်ငံ ရှိ အဗ်နာ သတင်း ထောက် ၏ သတင်း ပေးပို့ချက် အရ အသတ်ခံရသူ ရှီအာ မွတ်စလင်မ် ၁၁ ဦး သည် ဟဇာရေ လူမျိုး များ ဖြစ်ကြောင်း သိရှိ ရပါတယ်။
မှတ်သား စရာ အချက်မှာ မတ်ဂ်ျ အရပ် သည် ဗဟို လမ်း နှင့် ၁၀ ကီလိုမီတာ သာ ကွာဝေး ပြီး ပူလန် ဘက်သို့ သွားသည့်ေ နရာတွင် တည် ရှိပါတယ်။ ထိုနေရာတွင် မိုဘိုင်းလည်း အလုပ်မလုပ်ချေ။
လက်ရှိ အခြေ အနေ တွင် မြောက်များ စွာသော ဟဇာရေ ရှီအာ မွတ်စလင်မ် လူမျိုးများ အခင်း ဖြစ်ပွား သည့် နေရာ တွင်ရောက်ရှိ နေပြီး ၊ လုံခြုံရေး တပ် ကလည်း ထိုနေရာကို ဝန်း ရံထားကြောင်း သိရှိ ရပါတယ်။











******************************************
END / 251