၁၄ ဇန်နဝါရီ ၂၀၂၁ - ၂၀:၃၅
အမျိုးသမီးတွေ ကို လိင်ပိုင်း ဆိုင်ရာ  စော်ကားမှုတွေ လုပ်ခဲ့တဲ့ တရားဟော ဆရာကို တူရကီ တရားရုံးက ထောင်ဒဏ် ၁၀၇၅ နှစ်    ချမှတ်

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကနေ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေ ငွေကြေးခဝါချမှုတွေနဲ့ သူလျှိုလုပ်မှုတွေအတွက် ဆယ်စုနှစ်တစ်ခုကြာ အယူဝါဒအလေ့ အထတစ်ခုကို ထူထောင်ထား တဲ့ တူရကီအစ္စလာမ်မစ် ရုပ်သံတရားဟောဆရာကို တရားရုံးက တနင်္လာနေ့က ထောင်ဒဏ် ၁၀၇၅နှစ်ချမှတ်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကနေ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေ ငွေကြေးခဝါချမှုတွေနဲ့ သူလျှိုလုပ်မှုတွေအတွက် ဆယ်စုနှစ်တစ်ခုကြာ အယူဝါဒအလေ့ အထတစ်ခုကို ထူထောင်ထား တဲ့ တူရကီအစ္စလာမ်မစ် ရုပ်သံတရားဟောဆရာကို တရားရုံးက တနင်္လာနေ့က ထောင်ဒဏ် ၁၀၇၅နှစ်ချမှတ်လိုက်ပါတယ်။


ဟာရွန်ယဟ်ယာ ကလောင်အမည်နဲ့ အစ္စလာမ်မစ်ဖန်ဆင်းရှင်ဝါဒအကြောင်း စာအုပ်တွေရေးသားခဲ့တဲ့ အဒ်နန်အိုခ်သာကို အစ္စတန်ဘူလ်တရားရုံးမှာ သူ့ကွန်ရက်နဲ့ဆက်စပ်ပတ်သက်သူ တစ်ခြား လူ ၂၃၆ဦးနဲ့အတူ တရားရုံးတင်စစ်ဆေးကြားနာမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန Anadolu Agency သတင်းဌာနကဖော်ပြခဲ့ပါတယ်။


သူ့ရဲ့ကိုယ်ပိုင်ချန်နယ်ရုပ်သံလိုင်းကနေ လှုံ့ဆော်ရေးတီဗီအစီအစဉ်တွေထုတ်လွှင့်မှုတွေအတွက် သူဟာတူရကီမှာ နှစ်နဲ့ချီသူသိများထင်ရှားလာခဲ့သူဖြစ်ပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေးကိစ္စတွေပေါ်မှာ သူ့ရဲ့အမြင်တွေကို ပြောဆိုတဲ့ရုပ်သံအစီအစဉ်မှာ ကြောင်မလေးတွေလို့ သူခေါ်ဆိုလေ့ရှိတဲ့ မိန်းကလေးငယ်လေးများကို ဝန်းရံထားရှိသလို တစ်ခါတလေမပေါ်တပေါ်ဝတ်စားဆင်ယင်မှုတွေလည်း ရှိပါတယ်။ သူတို့အများစုဟာ ပလပ်စတစ်ဆာဂျရီပြုလုပ်ထားသူတွေဖြစ်ပြီး တီဗီစတူဒီယိုထဲမှာ ဂီတသံစဉ်အလိုက်သူ့နားမှာ ကပြခဲ့ကြတာဖြစ်ပါတယ်။


အိုခ်သာ ၆၄နှစ်ကို ရာနဲ့ချီတဲ့သူ့နောက်လိုက်အပေါင်းအပါတွေနဲ့အတူ ၂၀၁၈ခုနှစ်မှာ ငွေကြေးရာဇဝတ်မှုဆိုင်ရာ အစ္စတန်ဘူလ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူ့ရုပ်သံလိုင်းလည်းပိတ်ခံခဲ့ရပါတယ်။ သူဟာအမျိုးသမီး တစ်ထောင်နီးပါးနဲ့ ပတ်သက်မှုတွေရှိခဲ့ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကဝန်ခံခဲ့ပါတယ်။ “ဆင့်ကဲဖြစ်စဉ်”ကိုဆန့်ကျင်တဲ့ဆွေးနွေးမှုတွေရေးသားထားတဲ့ အသက်ဇီဝအားလုံးကို ပြီးပြည့်စုံတဲ့ပုံသဏ္ဍာန်နဲ့ဖန်ဆင်းရှင်က ဖန်တီးခဲ့တာဖြစ်ကြောင်း သူရေးသားထားတဲ့ ထောင်နဲ့ချီတဲ့“ဖန်ဆင်းမှုရဲ့မဏ္ဍိုင်” ဆိုတဲ့စာအုပ်ကော်ပီတွေကို နိုင်ငံရေးသမားဆီတွေ ဂျာနယ်လစ်တွေဆီ ကျောင်းတွေနဲ့ ကမ္ဘာတစ်ဝန်းဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။


Bloomberg သတင်းဌာနပါ “Turkey Sex Cult Chief Sentenced to More Than 1000 Years in Jail” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

********************************************

END / 251