အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ် တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
حَقُّ سائسِكَ بِالعِلمِ : التَّعظيمُ لَهُ ، و التَّوقيرُ لِمَجلِسِهِ ، و حُسنُ الاستِماعِ إلَيهِ.
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« သင်အနေဖြင့် ဆရာသမား နှင့် ပတ်သက်ပြီး ထမ်းဆောင် ရမည့် တာဝန် ဝတ္တရား မှာ ၎င်းအား ရိုသေလေးစား ရမည် ဖြစ်ပါသည်။ ၎င်း၏ တည်ရှိနေခြင်း ကို တန်ဖိုးထားရမည် ဖြစ်ပါသည်။ ပြီးနောက် ၎င်း၏ စကားကို ဂရု တစိုက် နားထောင်ရမည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း၊ အတွဲ ၂ ၊ စာမျက်နှာ၆၂၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် မိမိဆရာ သမား နှင့် ပတ်သက်၍ မည်သည့် တာဝန် ဝတ္တရား ရှိကြောင်း ထင်ရှားစွာ သိမြင်ရမည် ဖြစ်ပါတယ်။ ပြီးနောက် ဆရာ သမား တစ်ယောက်အနေဖြင့်လည်း အေမာမ် (အ.စ) အမြင်တွင် ဆရာ ပီသ အောင် နေထိုင်ရန် အရေးကြီး လိုအပ် ပါတယ်။ ဆရာကောင်းပီသ သူများ သည် မိမိ ၏ တပည့် အား မိမိ ထက် ပို၍ တိုးတက်သည်၊ တော်သည်၊ တတ်သည်ကို သာ မြင်တွေ့လိုကြသူများဖြစ်ကြပါတယ်။တပည့် ကောင်း အနေဖြင့်လည်း အေမာမ် (အ.စ) မှာကြား ထားသည့် အတိုင်း နေထိုင်ရန် အရေးကြီး လိုအပ်ပါတယ်။ကျနော်တို့ အားလုံး တပည့်ကောင်းများ နှင့် ဆရာကောင်းများ ဖြစ်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment