၂၁ မေ ၂၀၂၅ - ၂၃:၅၀
အိုမန်နိုင်ငံခြားရေးဝန်ကြီး ပဉ္စမအကြိမ် အီရန် နှင့် အမေရိကန်  ညှိနှိုင်း ဆွေးနွေးပွဲကို သောကြာနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြောကြား

အီရန်နှင့် အမေရိကန်တို့ကြား ပဉ္စမအကြိမ် သွယ်ဝိုက်သော ညှိနှိုင်း ဆွေးနွေးပွဲကို သောကြာနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အိုမန်နိုင်ငံခြားရေးဝန်ကြီး ဗဒ်ရိုလ်ဘူစအီဒီ သည် အီရန်နှင့် အမေရိကန်တို့ကြား ပဉ္စမအကြိမ်  ညှိနှိုင်း ဆွေးနွေးပွဲကျင်းပမည့်ရက်စွဲကို ကြေညာခဲ့ပါတယ်။

အီရန်-အမေရိကန် ပဉ္စမအကြိမ် စေ့စပ် ညှိနှိုင်း ဆွေးနွေးပွဲကို သောကြာနေ့ မေလ ၂၃ ရက် တွင် ရောမမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ဗဒ်ရိုလ်ဘူစအီဒီ မှ ပြောကြား ခဲ့ပါတယ်။

မှတ်သား စရာအချက်မှာ အိုမန် ဝင်ရောက် ညှိနှိုင်းပေးသော အီရန်နှင့် အမေရိကန် သွယ်ဝိုက်သော  ညှိနှိုင်း ဆွေးနွေးပွဲကို လေးကြိမ်တိုင်တိုင် ကျင်းပခဲ့ဖြစ်ပါတယ်။

အမေရိကန် အနေဖြင့်  မိမိတို့ လိုချင်သည့် အဖြေ အား ညှိနှိုင်း ပွဲမှ မရလျင် အီရန် အ စစ်ရေး အရ အရေး ယူရန် ငြိမ်းခြောက်ထား ပြီး နျူကလီးယား ဗုံးအသစ် B61-13 ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဤ ဗုံး သည် စွမ်းအားမှာ  ဟီရိုရှီးမား ဗုံးထက် ၂၄ ဆရှိပြီး မြေအောက် အဆောက်အဦများနှင့် ပစ်မှတ်များကို ဖျက်ဆီးရန်အတွက် ဖြစ် ကြောင်း သိရပါတယ်။

တစ်ဖက်မှလည်း အီရန်အနေဖြင့် မိမိတို့အား တိုက်ခိုက်လာလျင် အမေ၊ အဖေ မေ့သွားသည့် အထိ ပီပြင်စွာ အဖြေပေးမည် ဖြစ်ကြောင်း တုန့်ပြန် ပြောကြားထားပါတယ်။

အကြမ်းဖက် အမေရိကန် နှင့် အီရန် နှစ်နိုင်ငံ တွင် မည်သည့် နိုင်ငံ သည် သတ္တိ တကယ်ရှိပြီး အပြောနှင့် အလုပ် တစ်တပ်တည်း ဖြစ်ကြောင်း ကို အချိန် ကအဖြေပေးလာမည် ဖြစ်ပါတယ်။

အကြမ်းဖက် အမေရိကန် နှင့် အီရန် စစ်ဖြစ်လျင် တတိယ ကမ္ဘာ စစ် ဖြစ်ဖို့ ၉၅ ရာခိုင်နှုန်း ဖြစ်နိုင်မည် ဖြစ်ပြီး တစ်ကမ္ဘာလုံး ဤစစ်မီး မှ ရှောင် နိုင် မဟုတ်ကြောင်း သတိပြုရမည် ဖြစ်ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha