၂၃ မေ ၂၀၂၅ - ၁၂:၅၁
နမာဇ် ဇေ ဂျမာအသ် ၏ ပထမတန်း တွင် ဝတ်ပြုသူများ၏ အံ့သြဖွယ် အကျိုးဆဝါးဗ်

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် နမာဇ် ဇေ ဂျမာအသ် ၏ ပထမတန်း တွင် ဝတ်ပြုသူများ၏ အံ့သြဖွယ် အကျိုးဆဝါးဗ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွတ်စ်သဒရက်ကိုလ်ဝစာအေလ် ကျမ်း နှင့် မွတ်သန်ဗေသွ်သိုလ်မစာအေလ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

فَضْلُ الصَّفِّ الْأَوَّلِ عَلَى الثَّانِی کَفَضْلِی عَلَى أُمَّتِی۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« ပထမတန်း တွင် နမာဇ် ဝတ်ပြုခြင်း သည် ဒုတိယ တန်း တွင်  နမာဇ် ဝတ်ပြုခြင်း ထက် ကျွန်ုပ်သည် မိမိ ၏ အွန်မသ် ထက် ကြီးကျယ်မြင့်မြတ် သကဲ့သို ဖြစ်ပါတယ်။  »

ကျမ်းကိုး ။ ။ မွတ်စ်သဒရက်ကိုလ်ဝစာအေလ် ကျမ်း နှင့် မွတ်သန်ဗေသွ်သိုလ်မစာအေလ် ကျမ်း  ၊ အတွဲ ၆  ၊ စာမျက်နှာ ၄၆၁

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် နမာဇ် ဇေ ဂျမာအသ် ၏ ပထမတန်း တွင် ဝတ်ပြုသူများ ၏ အံ့သြဖွယ် အကျိုးဆဝါးဗ် ကို ထင်ရှား စွာ သိရှိရမည် ဖြစ်ပါတယ်။  ဤအတွက်ကြောင့် နမာဇ် ကို ဂျမာအသ် နှင့် ဝတ်ပြုချိန် အတတ် နိုင်ဆုံး ရှေ့ဆုံး အတန်း မှ ဝင်ရောက် ဖတ်နိုင် အောင် ကြိုးစားရမည် ဖြစ်ပါ တယ်။ နောက် တစ်ချက်မှာ  ဂျမာအသ် ၏ ပထမဆုံးတန်း တွင် ဝတ်ပြုသူ၏ ရပိုင်ခွင့် မှာ အရင် ရောက်သူ ဖြစ်ပါတယ်။ တစ်ချို့ ဗလီ ဝတ်ကျောင်းတော် များ တွင် နမာဇ် ဂျမာအသ် ၏ ပထမဆုံးတန်း ကို အပိုင်စီးထားကြပါတယ်။ ဤလုပ်ရပ်သည် မှားယွင်းနေသည့် လုပ်ရပ်ဖြစ်ပါတယ်။ အကြောင်း မှာ ဗလီ ဝတ်ကျောင်းတော်မှာ အလ္လာဟ် ၏ အိမ်တော် ဖြစ်ပြီး နမာဇ် ဝတ်လာပြုသူ၏ ကိုယ်ပိုင် အိမ် မဟုတ်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။ ပြီးနောက် ကာဖီ ကျမ်းလာ အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) ၏ ဟဒီးစ်တော် တစ်ပါးအရ နမာဇ် ဇေ ဂျမာအသ် ၏ ပထမတန်း တွင် ဝတ်ပြုသူ များ သည် ပညာတတ် ပြီး အကျင့် စာရိတ္တ ကောင်းမြတ်သူ များ ဖြစ်သင့်ကြောင်း မိန့်ကြား ထားပါတယ်။ ဤနေရာတွင် ပညာတတ်ဆိုသည်မှာ အဲဟ်ကာမ်မေရှရှိအီကိုကျွမ်းကျင်သူ သို့မဟုတ် နားလည်သူ ကိုဆိုလိုပါတယ်။ အကြောင်း မှာ ရှေ့ဆောင် အေမာမ် မေ့သွားမှားသွား စသည်ဖြင့် အရေးပေါ် အခြေအနေဖြစ်သွားလျင် ထိန်းနိုင်ရန်  ကူနိုင်ရန် အတွဥ်ဖြစ်ပါတယ်။ ဤအတွက်ကြောင့် နမာဇ် ဇေ ဂျမာအသ် ၏ ပထမတန်း တွင် ဝတ်ပြုသူ အဖြစ် ရပ်တည် နိုင်အောင် ပညာတတ်ပြီး အကျင့် စာရိတ္တ ကောင်းမြတ်သူ ဖြစ်အောင် လည်း ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ပြီးနောက်  ဗလီဝတ်ကျောင်းတော် သို့ အရင်ရောက်လာပြီး ငါကတော့ ပညာမတတ်လို့ အကျင့် စာရိတ္တ ကောင်းမြတ်သူမဟုတ်လိုဆိုပြီး မိမိကိုယ်ကို အားငယ်နိမ့်ချပြီး နောက်တန်းသို့ လည်း မသွားသင့်ချေ။ အင်န်ရှာအလ္လာဟ် ကိုယ်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော် အတိုင်း အံ့သြ ဖွယ် အကျိုး ဆဝါးဗ် ကို ဆွတ်ခူး နိုင်ရန်ဆိုသည့် နီယသ် ဖြင့် ရှေ့ဆုံးတန်းကနေ နေရာယူ ဝတ်ပြုရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha