အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါ အတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
اِعلَمُوا اَيُّهَا النَّاسُ اَنَّهُ مَن لَم يَملِكُ لِسانَهُ، يَندَم.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အိုလူထု အပေါင်းတို့ သိထားပါလေ။ အကြင်မည်သူမဆို မိမိ နှုတ်လျှာ မထိန်း မစောင့်ရှောက်မည် ဆိုလျင် ထိုသူ သည် နောင်တ ရလိမ့်မည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း၊ စာမျက်နှာ ၉၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် မိမိတို့၏ နှုတ်လျှာ ကို အထူး ထိန်းသိမ်း စောင့်ရှောင်ရမည် ဖြစ်ပါတယ်။ တစ်ချို့သည် မိမိ နှုတ် လျှာ အား မထိန်းသိမ်း မှုကြောင့် လတ်တလော ဆုံးရှုံးမှုများ နှင့် နောင်တ မရသေးသည်ကို မိမိ ကိုယ် ကို ဟုတ်လှပြီး ဟု ထင်နေကြပါတယ်။နှုတ် လျှာအား ထိန်းသိမ်း သည့် အလုပ်မှာ လွယ်ကူသည့် အလုပ်မဟုတ်ချေ။ထိန်းသိမ်းသည် ဆိုသည် မှာ ပြောသင့် သည့် နေရာ တွင် ပြောရန် နှင့် မပြောသင့်သည့် နေရာ တွင်မပြောရန် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment