၈ ဇွန် ၂၀၂၅ - ၀၉:၄၈
ကုရ်ဘာနီပြုခြင်း ၏ ဆုလာဘ် (ဆဝါးဗ်)

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကုရ်ဘာနီပြုခြင်း ၏ ဆုလာဘ် (ဆဝါးဗ်) ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ် တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

يُغفَرُ لِصاحِبِ الأضحِيَّةِ عِندَ أوَّلِ قَطرَةٍ تَقطُرُ مِن دَمِها ۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

« ကုရ်ဘာနီ (သားကောင်) ၏ ပထမဆုံးသွေး စက် မြေပြင် ပေါ်သို့ ကျသည့်အတူ ထိုကုရ်ဘာနီရှင် ၏ ရှိသမျှ အပြစ်များ အားလုံး ခွင့်လွတ်ပေး သနားတော် မူခြင်းကို ခံရမည် ဖြစ်ပါတယ်။  »

ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း ၊ အတွဲ ၂  ၊ စာမျက်နှာ ၂၁၄

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် ကုရ်ဘာနီ ပြုခြင်း ၏ ကြီး ကျယ်မြင့်မြတ် မှုကို  သိရမည် ဖြစ်ပါတယ်။ ဤအတွက် ကြောင့် ကုရ်ဘာနီ အား မိမိကိုယ်တိုင် ပြုနိုင်အောင် ယုတ်စွ အခြား သူများ နှင့် စုပေါင်း၍ ဖြစ်စေ ပြုနိုင်အောင် အထူး ကြိုးစားရမည် ဖြစ်ပါတယ်။ အထူး သတိပြု ရမည်မှာ မိမိ ပြုလုပ်မည့် ကုရ်ဘာနီသားကောင်ကို ဝယ်ယူမည့် ငွေ အား ဟလာလ် နည်း နှင့် ရှာဖွေ ထားသည့် ငွေ ဖြစ်အောင် အကယ်၍ ခွမ်းစ် ထိုက်လျင် ခွမ်းစ် ထုတ်ထားနိုင်အောင် ၊ သူတစ်ပါး အား ပေးရမည့်  အကြွေးအား မပေး သည့် ငွေ စသည် ဖြင့် မဖြစ်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Your Comment

You are replying to: .
captcha