၈ ဇွန် ၂၀၂၅ - ၂၃:၄၉
ကိုယ်ခန္ဓာအရ အခက်အခဲ ဖြစ်နေသည့် ‌ရှေ့ဆောင်အေမာမ် ၏နောက်  မှ နမာဇ် ဝတ်ပြုခြင်း

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ မှ ကိုယ်ခန္ဓာအရ အခက်အခဲ ဖြစ်နေသည့် ‌ရှေ့ဆောင်အေမာမ် ၏နောက် မှ နမာဇ် ဝတ်ပြုခြင်းကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ  မှ ကိုယ်ခန္ဓာအရ အခက်အခဲ ဖြစ်နေသည့် ‌ရှေ့ဆောင်အေမာမ် ၏နောက်  မှ နမာဇ် ဝတ်ပြုခြင်း ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အကယ်၍ ရှေ့ဆောင် အေမာမ် တစ်ပါးပါး အနေဖြင့်  ကိုယ်ခန္ဓာ အခက်အခဲကြောင့် စဂျ်ဒဟ်ပြုသည့် နေရာ (ပမာအားဖြင့် မိုဟ်ရ် ) ကို သာမန် ထက်ပို၍ မြင့်မြင့်ထားပြီး စဂျ်ဒဟ် ပြုမည်။ ဤကဲ့သို့သော် ရှေ့ဆောင် အေမာမ် နောက်မှ နမာဇ် ဝတ်ပြု သူများ အတွက် ရှရီအီ ဥပဒေ မည်သို့ ရှိပါသနည်း? (ပိုင်ပါသလား? )

အဖြေ

အကယ်၍ ရှေ့ဆောင် အေမာမ် အနေဖြင့် မြေပြင်ပေါ် (ကြမ်းပြင်ပေါ်)  ၌သာ စဂျ်ဒဟ်ပြုမည်။ (ခုံပေါ်ထိုင်၍ ဝတ်ပြု ခြင်း မဟုတ် မည်။)  ရှေ့ဆောင် ဆရာ  မိုဟ်ရ် ထားသည့်အနေအထားသည် (သာမန် အနေအထားအရ ) အမြင့် ကြီး မဟုတ်မည် ဆိုလျင် ပြဿနာ မဟုတ်ချေ။ (ပိုင်ပါတယ်။)

မှတ်ချက်  ။ ။  ရှီအဟ်ဖေရ်ကဟ် အရ သာမန် နမာဇ် ဝတ်ပြုသူများ အတွက်  မိုဟ်ရ်  (ခ) စဂျ်ဒဟ်ခဲ အား လက် လေး ဆစ်အထိ မြင့်ခွင့် ပြုထား ပါတယ်။ ပြီးနောက် မိုဟ်ရ်  (ခ) စဂျ်ဒဟ်ခဲ အပေါ် ချွေးများ ချေးများ ကြောင့် နဖူးပြင် နှင့် စဂျ်ဒဟ် ခဲ အကြား အတားအဆီး မဖြစ်ဖို့ သတိပြုရမည် ဖြစ်ပါတယ်။ အကယ်၍ နဖူးပြင် နှင့် စဂျ်ဒဟ် ခဲ အကြား အတားအဆီး ဖြစ်နေလျင် စဂျ်ဒဟ် မပိုင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha