အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နောက်တစ်ကြိမ် အီရန် နှင့် အမေရိကန်တို့ကြား သွယ်ဝိုက်သော ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် အချိန်နှင့်နေရာကို ဆုံးဖြတ် ကြောင်းအီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က ကြေညာ ခဲ့ပါတယ်။
နောက်တကြိမ် အီရန် နှင့် အမေရိကန် သွယ်ဝိုက်သော ညှိ နှိုင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ တွင် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က ဖြစ်ပေါ်လာတဲ့ ညှိနှိုင်းမှုတွေအပေါ် အခြေခံပြီး နောက်တကျော့ အီရန် နှင့် အမေရိကန် သွယ်ဝိုက် ညှိနှိုင်း ဆွေးနွေးပွဲကို အိုမန် နိုင်ငံ ၏ မြို့တော် မတ်စကက်မြို့မှာ လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထား ကြောင်းပြောကြားခဲ့ပါတယ်။
အီစ္စမာအီ ဗကာအီ အီရန် နိုင်ငံခြားရေးဝန်ကြီး၏ နော်ဝေခရီးစဉ်ကိုလည်း ကြေညာခဲ့ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ၂၂ ကြိမ်မြောက် Oslo ဖိုရမ်အစည်းအဝေးတွင်ပါဝင်ရန်ယခုအပတ်ဗုဒ္ဓဟူးနေ့ နှင့် ကြာသပတေးနေ့ တွင်နော်ဝေးသို့သွား ရောက်မည် ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။
.......................................................
END / 251
Your Comment