အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
أعظَمُ أهلِ عَرَفاتٍ جُرماً مِنِ انصَرَفَ وهُوَ یَظُنُّ أنَّهُ لَن یُغفَرَ لَهُ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အရ်ဖာသ် ကွင်း ပြင်တွင် အကြီးကျယ်ဆုံးသော အပြစ်သားမှာ (ဖြစ်နိုင်တယ် အလ္လာဟ်ဟိုအရှင်မြတ်သည် မိမိအား အပြစ်များမှ ) ခွင့်လွတ်တော် မည်မဟုတ်ဟု တွေးကာ ထိုကွင်းပြင် မှ ပြန်လာသူဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ အတွဲ ၉၉ ၊ စာမျက်နှာ ၂၄၈
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် အရ်ဖာသ် ကွင်းပြင် တွင် မျှော်လင့် ချက် ကင်းမဲ့မှု ဖြစ်ခြင်း ၏ မကောင်းသည့် ရလဒ် ကို ထင်ရှားစွာ သိရမည် ဖြစ်ပါတယ်။ဤအတွက်ကြောင့် အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့်လို့ မိမိ အနေဖြင့် ဟဂျ် အချိန်အခါ ၌ အရ်ဖာသ် ကွင်းပြင် တွင်ရောက်ရှိခဲ့လျင် မိမိ အပြစ်ကြီးငယ် အတွက် သောင်ဗဟ်ပြုပြီး အလ္လာဟ် ဟို အရှင်မြတ် ခွင့်လွတ်လိုက်ပြီး ဆိုသည့် ယုံကြည် ချက်အပြည့်အဝ ထားရမည်ဖြစ်ပါတယ်။ နောက် အနာဂတ်တွင် အပြစ်များထပ်မကျူးကျော် မိအောင် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် မိမိအား အသိ နှင့် စွမ်းအား အပြည့် အဝ ချီးမြှင့် ပေးသနားတော်မူရန်လည်း ဒိုအာ ပြုရမည် ဖြစ်ပါ တယ်။ ထိုပြင် မိမိ၏ မိဘနှစ်ပါး ၊ သားသမီးများ ၊ ဆွေမျိုးများ ၊ မိုအ်မင်များ ခွင့်လွတ်မှု ရရန် အတွက်လည်း ဒိုအာပြုပေး ရပါမည်။ မိမိအနေဖြင့် အရ်ဖာသ် ကွင်းပြင် သို့ အကြောင်းအမျိုးမျိုး ကြောင့် မရောက်လျင်လည်း အရ်ဖာသ် ရောက်သူများထံ မိမိ ၏ ဂိုနဟ်များအားလုံး ကို အလ္လာဟ် ဟို အရှင်မြတ် ခွင့်လွတ်ပေးတော်မူ ဖို့ အနာဂတ်တွင် အပြစ်များထပ်မကျူးကျော် မိအောင် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် မိမိအား အသိ နှင့် စွမ်းအား အပြည့် အဝ ချီးမြှင့် ပေးသနားတော် ဖို့ ဒိုအာ ပြုပေးရန် မေတ္တာရပ်ခံ သင့်ပါတယ်။
****************************************************************
END / 251
Your Comment