၂၀ ဇွန် ၂၀၂၅ - ၁၂:၅၃
« ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၃ » ၁၅  ကြိမ်မြောက် အဆင့် / အစ္စရေး၏ ကာကွယ်ရေး ကျရှုံးမှု ဆက်လက် ဖြစ်ပေါ်နေ

ဇီယွန်စစ်အစိုးရ၏ စစ်ဘက်ပစ်မှတ်များကို တိုက်ခိုက်သည့် IRGC ဒုံးကျည်များ မောင်းသူမဲ့ လေယာဉ် ၁၅ ကြိမ်မြောက် တိုက်ခိုက်မှုလှိုင်းသည် ဇီယွန်စစ်အစိုးရ၏ ကာကွယ်ရေးဒုံးများကို အောင်မြင်စွာ ဖြတ်သန်း နိုင်ခိုက် နိုင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRGC မှ ဟိုင်ဖာနှင့် တဲလ်အဗစ်မြို့များရှိ စစ်ဘက်ဆိုင်ရာ စက်ရုံများနှင့် ဆက်စပ်သည့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များနှင့် စက်မှုဗဟိုဌာနများကို ပေါင်းစပ် ဒုံးကျည်များ နှင့် ဒရုန်း များ တိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အထူးသဖြင့် အစ္စရေး နိုင်ငံ ၏ ဟိုင်ဖာနှင့် တဲလ်အဗစ်မြို့များရှိ ဒုံးကျည်ကာကွယ်ရေးစနစ်များကို တိုက်ခိုက် ရေးနှင့် အသေခံမောင်းသူမဲ့လေယာဉ် အမျိုးအစားပေါင်း ၁၀၀ ကျော်ဖြင့် ယမန်နေ့တွင် ဒရုန်းစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သတိပြုသင့်ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (ခ) IRGC ၏ ကြေငြာချက်အရ စစ်ဘက်ပစ်မှတ်များနှင့် စစ်ဘက် ဆိုင်ရာ လုပ်ငန်းများကို တိုက်ခိုက်ရန် အရှိန်မြှင့်ခြင်းနှင့် သက်ရောက်မှုကို ဦးတည်သော ဒုံးကျည်စစ်ဆင်ရေးများ လုပ်ဆောင်ရန် အစီအစဉ်ရှိနေကြောင်း သိရပါတယ်။

ကျွန်ုပ်တို့နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များမှ ရဲရင့်သူများသည် မိမိတို့၏ မြင့်မားသော ကာကွယ်ရေးစွမ်းရည်နှင့် အဆင်သင့် အပြည့်ဖြင့် စခန်းအသီးသီးမှ ဒုံးကျည်များကို ပစ်ခတ်ခြင်းဖြင့် ဇီယွန်အစိုးရ၏ ရက်စက် ကြမ်းကြုတ် သောတိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ကြကြောင်း အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (ခ) IRGC ပြောကြားခဲ့ ပါ တယ်။

ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုမှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ကျွန်ုပ်တို့နိုင်ငံ၏ တာဝန်ရှိ သူများ က ထပ်ခါတလဲလဲ အလေးပေးပြောဆိုခဲ့ကြောင်း IRGC က ပြောကြားခဲ့ ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha