အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
مِن كَرَمِ المَرءِ بُكاؤهُ على ما مَضى مِن زَمانِهِ و حَنينُهُ إلى أوطانِهِ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကုန်ဆုံးသွားအချိန် (အတိတ်) အတွက် ငိုကြွေးပြီး ဇာတိမြေ (အမိမြေ၊ အမိနိုင်ငံ ) ကို ချစ်မြတ်နိုးခြင်းသည် လူတစ်ဦး၏ ကြီးမြတ် ခြင်း ၏ လက္ခဏာများထဲမှ တစ်ခုဖြစ်ပါ သည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၄ ၊ စာမျက်နှာ ၂၆၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် ကုန်ဆုံးသွားအချိန် (အတိတ်) အတွက် ငိုကြွေးရမည်ဆိုသည် မှာ မိမိ ၏ အမှား များ အတါဥ် သောင်ဗဟ်ပြုရမည် ဖြစ်ပါတယ်။ အတိတ် ကနေ သင်ခန်းစာများ ယူရမည် ဖြစ်ပါတယ်။ ပြီးနောက် ခိုင်မာသည့် ဆုံးဖြစ်ချက်များချရမည် ဖြစ်ပါ တယ်။ မိမိ ၏ ဇာတိမြေ (အမိမြေ၊အမိနိုင်ငံ ) ကို ချစ်မြတ်နိုးရမည်ဖြစ်ပါတယ်။ မိမိသည် မွတ်စလင်မ် ဖြစ်နေပါလျက် မိမိ ၏ ဇာတိမြေ ( အမိမြေ ) (ခ) အမိနိုင်ငံ သည် မွတ်စလင်မ် မဟုတ်လျင်လည်း ချစ်မြတ်နိုးပြီး တန်ဖိုးထားရမည် ဖြစ်ပါတယ်။ ဖော်ပြပါ အချက် နှစ်ချက်သည် ကြီးကျယ်မြင့်မြတ်သည့် လူသား ၏ လက္ခဏာ များမှ ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment