၂၉ ဇွန် ၂၀၂၅ - ၀၉:၁၁
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ စစ်ဦးစီးချုပ် နှင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးတို့အကြား ညှိနှိုင်း ဆွေးနွေး မှု

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ စစ် ဦးစီးချုပ် နှင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးတို့ကြား တယ်လီဖုန်းဖြင့် ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်း ဆော်ဒီအစိုးရ သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency မှ တရားဝင် Saudi Press Agency (SPA)  ကို ကိုးကား၍  ဆော်ဒီကာကွယ်ရေးဝန်ကြီး အိမ်ရှေ့မင်းသား ခါလစ်ဒ် ဘင်န် စလ်မာန် သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ တနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့ ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး  ဆယက်ဒ် အဗ်ဒိုရ်ရဟီးမ် မူစဝီ ထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့ကြောင်း ဆိုထားပါတယ်။

အဆိုပါ ခေါ်ဆိုမှုတွင် နှစ်နိုင်ငံ ကာကွယ်ရေး နယ်ပယ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ပြီး ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် ကြိုးပမ်းမှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ ဗိုလ်ချုပ်ကြီး  ဆယက်ဒ် အဗ်ဒိုရ်ရဟီးမ် မူစဝီ နှင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးတို့ အီရန်စစ်တပ်ရဲ့ စစ်ဦးစီး ချုပ် ရာထူးကို ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံး ဖုန်းခေါ်ဆိုမှု ဖြစ်ပါတယ်။

ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုတွင် ဗိုလ်ချုပ်ကြီး မိုဟမ္မဒ် ဟိုစိုင်းန် ဘာကဲရ်ရီ ၏ ရှဟီးဒ် ဖြစ်ပြီးနောက် ဇွန်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး  ဆယက်ဒ် အဗ်ဒိုရ်ရဟီးမ် မူစဝီ အား အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ  စစ် ဦးစီးချုပ် အဖြစ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  မှ ခန့်အပ်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha