အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံ ယီမင် အန်ဆွာရိုလ္လာဟ် ၏ ယဉ်ကျေးမှုဆိုင်ရာ အထူးကိုယ်စားလှယ် အဲဟ်မဒ် အလ်အေမာမ် က ဒါနစ်ရှ်ဂျူ News Agency တွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် အာရှုရာ ဆိုင်ရာ ရက်များ ၊ ဟဇရသ် ဆယက်ဒ်ဒိုရှ်ရှိုဟဒါ အေမာမ် ဟိုစိုင်းန်(အ.စ) နှင့် အေမာမ် ဇိုင်နိုလ်အာဗေဒီးန် (အ.စ) တို့၏ ရှဟာဒသ်နေ့များ ဝမ်းနည်းကြောင်း ပြောကြားရင်း ယီမင်ရှိ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အေမာမ် များထဲမှ တစ်ဦးဖြစ်သော အေမာမ် ဇိုက်ဒ် ၏ ရှဟာဒသ် သည် နာကျင်စရာ အဖြစ်ဆိုး တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး အေမာမ် ဇိုက်ဒ် သည် အေမာမ် စဂျာဒ် (အ.စ) ၏သားဖြစ်ပြီး အဗ်ဒိုလ်မလာစ်ဘင်န် မရ်ဝါန် အမဝီ အစိုး ရ ဆန့်ကျင်တော်လှန် သည့် ကရ်ဗလာကျောင်းတော်၏ ထင်ရှားကျော်ကြားသည့် ကျောင်းသားများ ထဲမှ တစ်ဦး ဖြစ်ကြောင်း အေမာမ်ဇိုက်ဒ် ၏ တော်လှန်ရေး သည် ခေတ်ကာလ၏ ဖိနှိပ်မှုကို ဆန့်ကျင်သည့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ တော်လှန်ရေး၏ အဆက်ဖြစ်ကြောင်း အေမာမ် ဇိုက်ဒ် သည် အဗ်ဒိုလ်မလာစ်ဘင်န် မရ်ဝါန် အမဝီ အစိုး ရ အားရင်ဆိုင်တော်လှန် ခဲ့ပြီး ရှဟီးဒ် ဖြစ်ခဲ့ကြောင်း အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှလည်း အေမာမ်ဇိုက်ဒ် ကို အများကြီး ချီးကျူးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဟ်မဒ် အလ်အေမာမ် က ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ရည်ညွှန်းပြီး မကြာသေးမီက အမေရိကန်နှင့် အစ္စရေးတို့ (၁၂) ရက်ကြာ စစ်ပွဲတွင် အီရန်၏ အောင်ပွဲအတွက် ဂုဏ်ပြုကြောင်း ဆက်လက် ပြောကြားခဲ့ပြီး ဤအောင်ပွဲသည် အလ္လာဟ်ဟို အရှင်မြတ် ကို ယုံကြည်ကိုးစားမှု၊ အေမာမ် ခါမေနီ၏ ပညာရှိသည့် ခေါင်းဆောင်မှု၊ အီရန်နိုင်ငံ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံ၏ ဌာနေတိုင်းရင်းသား စွမ်းအားမြင့် ဒုံးကျည်များ ကဲ့သို့သော အကြောင်းရင်းများ၏ ရလဒ်ဖြစ်ကြောင်း ၊မီဒီယာများသည် အဆိုပါအစိတ်အပိုင်းများကို လူများ သိစေရန်နှင့် ဂျေဟာဒ် ၏ ရှင်းလင်းချက်တွင် ပါဝင်ရမည်ဖြစ်ကြောင်း ဤ မီဒီယာစစ်ပွဲမှာ အီရန်မီဒီယာ တွေဟာ ဇီယွန်ဝါဒီရန်သူ တို့ အီရန်အသံလွှင့် ကော်ပိုရေးရှင်းကို ပစ်မှတ်ထားတဲ့အတိုင်းအတာအထိ မိမိ တို့၏ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဂါဇာရှိ ရာဇ၀တ်မှုများကို ရည်ညွှန်းကာ ယီမင် အန်ဆွာရိုလ္လာဟ် ကိုယ်စားလှယ်က အခြေအနေကို အလွန် နာကျင်စေ ကြောင်း ဖော်ပြပြီး "ဂါဇာမှာ နေ့စဉ် လူပေါင်း ၁၀၀ ကျော် သေဆုံးနေရကြောင်း ဗုံးခွဲ မှုတွေကြောင့် သာမက ပြင်းထန်တဲ့ ငတ်မွတ်မှုလည်း ကြောင့်လည်း ဖြစ်ကြောင်း ဒီအဖြစ်ဆိုးကို မီဒီယာနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက အာရုံစိုက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဟ်မဒ် အလ်အေမာမ် က ဆက်လက်ပြီး ယီမင်တွင် လှုပ်ရှားမှုများသည် ရေပန်းစားပြီး၊ စစ်ရေးနှင့် တရားဝင်ကြောင်း အစ္စရေးနှင့် အမေရိကန် ကုန်ပစ္စည်းများကို သပိတ်မှောက်ခြင်းသည် ယီမင်တွင် တင်းကြပ်စွာ အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း အခြားနိုင်ငံများရှိ ဂါဇာရှိပြည်သူများကို ကူညီရန်အတွက် ဤအတိုင်းအတာ ကို တိုးချဲ့နိုင်ကြောင်း ယခုအချိန်အထိ ဇီယွန်ဝါဒီအစိုးရကို တိုက်ထုတ်ရန် ယီမင်နိုင်ငံသား တစ်သန်းကျော်ကို လေ့ကျင့်ပေးထားပြီး ဖြစ်ကြောင်း ဇီယွန်ဝါဒီအစိုးရကို ဆန့်ကျင်သည့် လူကြိုက်များသည့် စည်းရုံးရေးတစ်ရပ်ကို စုစည်းရန် ကြိုးပမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အန်ဆွာရိုလ္လာဟ် ကိုယ်စားလှယ်မှ ဆက်လက်ပြီး ယီမင်တွင် အပတ်စဉ် လူထုစုဝေးပွဲများကို လူသန်းပေါင်းများစွာ ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျင်းပခဲ့ပြီး ရန်သူသည် ကောလာဟလများ ဖြန့်ခြင်းဖြင့် အဆိုပါလှုပ်ရှားမှုများ၏ သဘောသဘာဝ ကို ကမောက်ကမဖြစ်အောင် ကြိုးပမ်းလျက်ရှိကြောင်း စစ်ရေးနယ်ပယ်တွင် ဟားမတ်စ်နှင့် ခုခံဝင်ရိုးစွန်း တို့ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုဖြင့် အစ္စရေးအပေါ် စစ်ဆင်ရေးများ ဆက်လက်လုပ် ဆောင်နေ ပြီး သိမ်းပိုက်ထားသော နယ်မြေများဆီသို့ ဒုံးကျည်များကို နေ့စဉ် ပစ်ခတ်လျက်ရှိကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှ ထပ်လောင်း၍ ကျွန်ုပ်တို့၏ ဦးစားပေးသည် အစ္စရေးနှင့် စစ်ပွဲဖြစ်သည် ဟု ပြောကြားခဲ့ပြီး အမေရိကန်၊ ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့က ပြင်းထန်စွာ တိုက်ခိုက်မှုများကြားမှ ယီမင်စစ်ပွဲကို အနိုင်ရခဲ့ပြီး အမေရိကန်က ဆုတ်ခွာသွားခဲ့ကြောင်း မှတ်ချက်ပြုပြောကြားရင်း ယနေ့တွင် အစ္စရေးသည် ကျွန်ုပ်တို့၏ လေကြောင်းရန် ကာကွယ်ရေးများ အားကောင်းလာသောကြောင့် ယီမင်ပိုင်နက်အတွင်းသို့ ပင်လယ်ရေဖြင့် ဝင်ရောက်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
အဲဟ်မဒ် အလ်အေမာမ် က ဂါဇာကမ်းမြောင်ဒေသကို ပံ့ပိုးကူညီရန်အတွက် တော်လှန်ရေးကို ဦးတည်သော မီဒီယာများသည် ပေါင်းစပ်ညှိနှိုင်းပြီး စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း စည်းလုံးညီညွှတ် မှုမှလွဲ ၍ မည်သည့်အောင်ပွဲမှ မအောင်မြင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ယီမင်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ဤနိုင်ငံ၏ပြည်သူများအပေါ် အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားရာတွင် ရန်သူများသည် ယီမင်အား မြေပြင်၊ ကောင်းကင်ယံတို့မှ အမျိုးမျိုး သော အတိုင်းအတာဖြင့် ပိတ်ဆို့အရေးယူရန် ကြိုးပမ်းခဲ့ကြောင်း၊ ယီမင်နိုင်ငံသားအများစုသည် လယ်သမား များ ဖြစ်ကြပြီး ကျွန်ုပ်တို့သည် စိုက်ပျိုးရေးနယ်ပယ်တွင် အတော်လေး ဖူလုံကြောင်း ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုအများစုမှာ ကုသရေးနှင့် လူနာများပေါ်တွင်သာ ရှိပြီး ယီမင်ပြည်သူများ အချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် ပိတ်ဆို့အရေးယူမှုများသည် ၎င်းတို့အား များစွာထိခိုက်စေရန် ခွင့်မပြုခဲ့ကြောင်း ဖြေ ကြားခဲ့ ပါတယ်။
အီရန်နိုင်ငံရှိ ယီမင်နိုင်ငံမှ အရာရှိ အန်ဆွာရိုလ္လာဟ် က ဤသတင်းစာရှင်းလင်းပွဲတွင် ပါလက်စတိုင်းအရေးသည် ယီမင်နိုင်ငံအတွက် အခြေခံကျသော ပြဿနာဖြစ်ပြီး ပါလက်စတိုင်းပြဿနာသည် ငယ်စဉ်ကတည်းက ကျွန်ုပ်တို့အတွက် အရေးကြီးခဲ့ပြီး ယင်းသည် ယီမင်ယဉ်ကျေးမှုတွင်တစ်ခု ဖြစ်ကြောင်း ခဲ့ပါတယ်။
အဲဟ်မဒ် အလ်အေမာမ် ကလည်း ဂါဇာကမ်းမြောင်ဒေသကို အလုံးစုံ လွတ်မြောက်ရေးအထိ အစ္စရေး နိုင်ငံသို့ ဦးတည်သည့် သင်္ဘောများကို တိုက်ခိုက်မည့် ယီမင်စစ်တပ်၏ စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment