အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
لَا تَدَعْ زِيَارَةَ الحُسَيْنِ بْنِ عَلِيٍّ عليه السلام يَمُدُّ اللّهُ فِي عُمُرِكَ وَ يَزِيدُ فِي رِزْقِكَ وَ يُحْيِيكَ اللّهُ سَعِيدًا وَلَا تَمُتْ إِلَّا شَهِيدًا.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဇေယာရသ် အေမာမ် ဟိုစိုင်းန် (အ.စ) ကို မစွန့်လွတ်ပါနှင့်။ အကြောင်းသည်ကား အလ္လာဟ် ဟို အရှင်မြတ်သည် ဤ (ဇေယာရသ် ) အတွက်ကြောင့် သင့် အသက်ကို ရှည်စေမည်။ သင် ၏ စားနပ်ရိက္ခာကို တိုးမြင့်စေမည် ဖြစ်ပါ သည်။ သင့်ဘဝကို ပျော်ရွှင် ကံကောင်း စေကာ ရှဟာဒသ် သေခြင်း ကို ချီးမြှင့် ပေးသနားခြင်းခံရမည်ဖြစ်ပါ သည်။ »
ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၁၄ ၊ စာမျက်နှာ ၄၃၁
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတွင် တတ်နိုင်သလောက် တရားဝင် နည်းလမ်းများ နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ကို အကြိမ် ကြိမ် သွား နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် အား မအ်ရေဖမသ် နှင့် တစ်ကွ ပြုနိုင် အောင် ကြိုးပမ်း ရမည် ဖြစ်ပါတယ်။ အလ္လာဟ်ဟို အရှင်မြတ် သဘောတူ သည့် ဇေယာရသ် အေမာမ် ဟိုစိုင်းန် (အ.စ) ထောက်ခံ အတည် ပြုသည့် ဇေယာရသ် ဖြစ်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ ဤသို့ဖြစ် အသက်ရှည်ခြင်း၊ စားနပ်ရိက္ခာ တိုးပွားခြင်း ၊ ပျော်ရွှင် ကံကောင်း ခြင်း ၊ ရှဟီးဒ် အဖြစ် သေဆုံးခြင်း ဆိုသည့် ဆုလာဘ် များ ကို ဆွတ်ခူး နိုင်မည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် ၊ကျနော်တို့ အားလုံး ဆွတ်ခူး နိုင်ကြပါစေ။ အကြောင်း အမျိုးမျိုး ကြောင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် မပြုနိုင်သူများ မပြုခဲ့ရဘဲ မရ်ဟွန်မ် ဖြစ်သွားသူများ ယောက်တိုင်း ကိုလည်း အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ်အား မအ်ရေဖသ် နှင့် တစ်ကွ ပြု သူများ ရရှိသည့် ဆဝါးဗ် များ ကို မြတ်အလ္လာဟ် ချီးမြှင့် ပေးသနား တော် မူပါစေ။
****************************************************************
END / 251
Your Comment