အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ်တွင် မကြာသေးမီက လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် ဒုက္ခသည်များထံ ဂျုံမှုန့်နှင့် ဆီတန်ချိန် ၈၀ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပထမဆုံး စင်တင်ဘာလ ၂ရက်နေ့ ၂၀၂၅ ခုနှစ် ယနေ့ တွင် ပို့ဆောင်ခဲ့ကြောင်း ကဘူးလ်ရှိ အီရန်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သင်္ဘောရောက်ရှိချိန်နှင့် တပြိုင်နက် ကဘူးလ်မြို့ရှိ အီရန်နိုင်ငံဆိုင်ရာ အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး အလီရေဇာ ဘိက်ဒလီ သည် အာဖဂန်နစ္စတန်နိုင်ငံ ကူနာပြည်နယ်သို့ သွားရောက်ကာ ဘေးဒဏ် သင့် ဒေသများ၏ အခြေအနေကို အနီးကပ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
ဒီခရီးစဉ်အတွင်းမှာတော့ ကူနာ နှင့် နန်ဂန်ရ်ဟာရ် က ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အာဖဂန်လခြမ်းနီအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေမှာ အီရန်က အာဖဂန်ပြည်သူတွေဘက်က အမြဲရပ်တည်သွားမှာဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
ကူနာရှိ ဒေသဆိုင်ရာ တာဝန်ရှိသူများက အီရန်နိုင်ငံမှ ရိက္ခာတန်ချိန် ၈၀ တင်ပို့မှုသည် ငလျင်ဒဏ်ခံရသော ပြည်သူများ၏ ပြဿနာများကို သက်သာရာရစေမည့် အရေးတကြီး ဆောင်ရွက်ချက်အဖြစ် ဖော်ပြခဲ့ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုကို ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။
ယင်းလုပ်ရပ်သည် နှစ်နိုင်ငံအကြား စည်းလုံးညီညွတ်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ၎င်းတို့က ဆိူကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းပြည်နယ်များ အထူးသဖြင့် ကူနာ တွင် မကြာသေးမီက ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရကာ အများအပြား ပျက်စီးခဲ့ကြောင်း တာလီဘန်အစိုးရ ၏ နောက်ဆုံးစာရင်းများအရ သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment