အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှိက်ခ် အဲဟ်မဒ် ကဗ်လာန် မှ ဟစ်ဘွလ္လာဟ် ကို လက်နက် ချဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားတွေကို သတိ ပေး မိန့်ကြားပြီး ဒီအရာဟာ အစ္စရေးအတွက်သာ အကျိုးရှိမယ်၊ နိုင်ငံတော်အတွက်တော့ အန္တရာယ်ဖြစ်နိုင်တယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။
ရှိက်ခ် အဲဟ်မဒ် ကဗ်လာန် က ဟစ်ဘွလ္လာဟ် နှင့် ပတ်သက်သော မှားယွင်းသော ဆုံးဖြတ်ချက်သည် လက်ဘနွန် နိုင်ငံ ကို ပျက်စီးစေမည်ဖြစ်ပြီး လက်ဘနွန်၏ အချုပ်အခြာအာဏာကို ဝယ်ယူရောင်းချ၍ မရနိုင်ကြောင်း ပါတီအားလုံး သိထားသင့်သည်ဟု ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အစိုးရ၏ တရားဝင်မှုမှာ နိုင်ငံတော်နှင့် အုပ်ချုပ်ရေး အကျိုးစီးပွားများကို အကာအကွယ်ပေးသည့် ကာလ ပတ်လုံးသာ တည်တံ့နိုင်ပြီး ယင်းပြဿနာ ပေါ်ပေါက်လာပါက အစိုးရသည် ၎င်း၏ တရားဝင်မှု ဆုံးရှုံး သွားမည်ဖြစ်ကြောင်း ရှိက်ခ် အဲဟ်မဒ် ကဗ်လာန် က အလေးအနက် ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment