အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် (غسل مسّ الميّت ) ဆိုသည် မှာ လူသေအလောင်း နှင့် ထိတွေ့ခြင်းကြောင့် ပြုရသည့် ဝါဂျစ်ဗ် (မဖြစ်မနေပြုရသည့်) ဂိုစ်လ် (ရေချိုးခြင်း) ကို ခေါ်ဆိုပါတယ်။ ဤဂိုစ်လ် ထည့်ရန် ဝါဂျစ်ဗ် ဖြစ်သည့် အခြေအနေ မှာ လူသေအလောင်း ၏ ကိုယ်ခန္ဓာ အေးသွားပြီး နောက် နှင့် မိုင်ယသ် ဂိုလ်စ် မပြီး ခင် ထိတွေ့ သည့် အခါ တွင် ဖြစ်ပါတယ်။ ဤကြောင်းသိကောင်းစရာ အချို့ ကို တင်ပြအပ်ပါတယ်။
ရှီအဟ် ဖကီးဟ်များ (ခ) ဓမ္မသတ်ပညာရှင်များ ၏အဆိုအရ ဤ ဂိုစ်လ် သည် ဝါဂျစ်ဗ် ဖြစ် သော်လည်း၊ အဲဟ်လေ့စွန္နသ် ဖကီးဟ်များ (ခ) ဓမ္မသတ်ပညာရှင်များ ၏ အဆိုအရ မွတ်စ်သဟဗ် ဖြစ်ပါတယ်။ ဤဥပဒေသ ၏ ခြွင်းချက်မှာ မအ်စူမ်(အပြစ်မဲ့) နှင့် ရှဟီးဒ် (ခ) အာဇာနည် ၏ အလောင်းများကို ထိတွေ့ခြင်း ဖြစ်ပါ တယ်။ဆိုလိုသည်မှာ မအ်စူမ်(အပြစ်မဲ့) နှင့် ရှဟီးဒ် (ခ) အာဇာနည် ၏ အလောင်းများကို ထိတွေ့မိလျင်လည်း ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ပြုရန် မလိုခြင်းဖြစ်ပါတယ်။
ထင်ရှားကျော်ကြားသည့် ရှီအဟ် ဓမ္မသတ်ပညာရှင်များ ၏အဆိုအရ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ထည့်ပြီးလျင် လည်း ဝဇူ အတွက် မလုံလောက် ချေ။တစ်နည်းအား ဝဇူပြုရမည် ဖြစ်ပါတယ်။ မတ်စ်စေ မိုင်ယသ် သည် ဟဒက်စ်စေ အက္က်ဘဲရ် မှ လား ? သို့မဟုတ် ဟဒက်စ် စေ အဇ်ဂဲရ် မှလား ? နှင့် ပတ်သက်၍ ရှုမြင်ချက် နှစ်ခု လာရှိပါတယ်။ ပထမအမြင်အရ ဗလီ၌နေခြင်း နှင့် ရိုဇဟ် ထားခြင်းစသည့် အရာများအတွက် ဂိုစ်လ်လေမတ်စ် စေမိုင်ယသ် ထည့် ရမည် ဖြစ်ပါတယ်။ သို့သော် ဒုတိယအမြင်အရ ဂိုစ်လ်လေမတ်စ် စေ မိုင်ယသ် ထည့်ရန် ဝဇူပြုဖို့ လိုအပ်သောအရာများအတွက်သာ ထည့် ရမည် ဖြစ်ပါတယ်။
အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့် ၎င်း ၏ အရေးပါမှုကိုလေ့လာမှုမည်ဆိုလျင်
ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ဆိုသည် မှာ လူသေအလောင်း နှင့် ထိတွေ့ခြင်းကြောင့် ပြုရသည့် ဝါဂျစ်ဗ် (မဖြစ်မနေပြုရသည့်) ဂိုစ်လ် (ရေချိုးခြင်း) ကို ခေါ်ဆိုပါတယ်။ ဤ ဂိုစ်လ် ကို ဖေက် ဆိုင်ရာ စာအုပ်များ တွင် သွဟာရသ် ဆိုင်ရာ စည်းမျဉ်းများ အခန်းတွင် ဆွေးနွေးထားပါတယ်။
ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ထည့် နည်း သည် အခြား ဂိုစ်လ်များ နည်းတူ ပမာ အား ဖြင့် ဂိုလ်စ်ဂျနာဗသ် ထည့် နည်း ကဲ့သို့ ဖြစ်ပါသည်။ ကွာခြားမှု မရှိချေ။ ဂိုစ်လ် အား သရ်သီဘီ နှင့် အေရ်သမာစီ ဆိုသည့် နည်းလမ်း နှစ် မျိုး ဖြင့် ထည့် နိုင်ပါသည်။ ဂိုစ်လ် သရ်သီဘီ နည်း လမ်း မှာ နီယသ် ပြုပြီးနောက် ဦးခေါင်း နှင့်လည်ပင်းကို ဦးစွာဆေးကြော ရမည် ဖြစ်ပါတယ်။ ပြီးနောက် ညာဘက်ခြမ်း၊ ထို့နောက် ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းကို ဆေးကြောရမည် ဖြစ် ပါတယ်။ သို့သော် ဂိုစ်လ် အေရ်သမာစီ တွင် ခန္ဓာ ကိုယ်တစ်ခုလုံး သည် ရေထဲတွင် နှစ်မြှုပ် ရမည်ဖြစ်ပါတယ်။
ဤ ဂိုစ်လ် ၏ ဒဿနကို တင်ပြရမည် ဆိုလျင်
ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် (ခ) လူသေအလောင်းကို ထိတွေ့ပြီးနောက် ရေချိုးခြင်း၏ ဒဿနသည် တစ်ကိုယ် ရေ သန့်ရှင်းမှု၊သန့်စင်မှု နှင့် ဝိညာဉ်ရေး သန့်ရှင်းမှု၊သန့်စင်မှု ကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အေမာမ် ရေဇာ (အ.စ) ထံတော် မှ ရီဝါယသ်တော် တစ်ပါး ဆင့်ပြန်လာရှိ ပါသည်။ လူသေကို ရေချိုးပေးသူသည် သေသူ ၏ ခန္ဓာကိုယ်မှ ပြောင်းရွှေ့လာသော အညစ်အကြေးများမှ မိမိကိုယ်ကို သန့်စင်စေရန် ရေချိုးရမည် ဖြစ်ပါတယ်။ အကြောင်းမှာ ခန္ဓာကိုယ် မှ ထွက်သွားသောအခါတွင် ပိုးမွှားများနှင့် ရောဂါပိုးမွှားများ ခန္ဓာ ကိုယ်ထဲ တွင် ရှိနေသောကြောင့် ဖြစ်ပါတယ်။
ရှရီအီ ဥပေဒကြည့်မည်ဆိုလျင်
ရှီအဟ် ဖိုကဟဟ် (ခ) ဓမ္မသတ်ပညာရှင် အများစု၏ အဆိုအရ ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် (ခ) လူသေ အလောင်းကို ထိတွေ့ပြီးနောက် ရေချိုးခြင်းသည် ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ရှီအဟ် ဖိုကဟဟ်(ခ) ဓမ္မသတ် ပညာရှင် များ မှ တစ်ပါး ဖြစ်သည့် ဆယက်ဒ် မိုရ်သဇာ ( ဟီဂျရီ သက္ကရာဇ် ၃၅၅ ခုနှစ် မှ ၄၃၆ ခုနှစ် ) ဖြစ်သည်ဟု ဆိုထားပြီး ထို အာလင်မ် အနေဖြင့် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် အား မွတ်စ်သဟဗ် ဟု ဆိုထား ပါတယ်။ ထိုနည်းတူစွာ အလာမဟ် ဟစ်လီ ( ဟီဂျရီ သက္ကရာဇ် ၆၄၈ ခုနှစ် မှ ၇၂၆ ခုနှစ် ) ၏ အဆိုအရ အဲဟ်လေ့စွန္နသ် ဖိုကဟဟ် (ခ) ဓမ္မသတ် ပညာရှင်များသည် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် အား ဝါဂျစ်ဗ် အဖြစ် လက်မခံ ထားကြောင်း ဖြစ်ပါတယ်၊ ပြီးတော့ အဲဟ်လေ့ဘစွန္နသ် ဖိုကဟဟ် (ခ) ဓမ္မသတ် ပညာရှင် အများ စု ၏ အမြင်အရတော့ ဤ ဂိုစ်လ် အား မွတ်စ်သဟဗ် ဖြစ်ကြောင်း ဆိုထားကြပါတယ်။
ရှီအဟ် ဓမ္မသတ် ပညာရှင်များ ၏ အဆိုအရ လူသေအလောင်း ၏ ကိုယ်ခန္ဓာ အေးသွားပြီး နောက် နှင့် မိုင်ယသ် ဂိုလ်စ် မပြီး ခင် ထိတွေ့ သည့် အခါ တွင် ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ထည့်ရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။ ဤ အတွက် ကြောင့် မိုင်ယသ် (ခ) လူသေအလောင်း ကို ဂိုစ်လ် ထည့်ပေးပြီးနောက် ထိတွေ့ မည်ဆိုလျင် ဂိုစ်လ်လေ မတ်စ်စေမိုင်ယသ် ပြုရန် မလိုအပ်တော့ချေ။
ခြွင်းချက်များ အနေဖြင့် တင်ပြရမည်ဆိုလျင်
ရှီအဟ် ဓမ္မသတ် ပညာရှင်များ ၏ အဆိုအရ လူသေအလောင်းကိုထိတွေ့ ခြင်း အတွက် ပြုရသည့် ဂိုစ်လ်လေ မတ်စ် စေမိုင်ယသ် နှင့် ပတ်သက်၍ ခြွင်းချက်များရှိပါတယ်။ ထိုခြွင်းချက်များ မှာ မအ်စူမ် (ခ) အပြစ်မဲ့သူ၏ ခန္ဓာကိုယ်ကိုထိတွေ့ခြင်း၊ တိုက်ပွဲတွင်ကျဆုံးခဲ့သော ရှဟီးဒ် (ခ) အာဇာနည် ၏ အလောင်းကိုထိတွေ့ ခြင်း၊ ရှရီအီ ဟဒ် သို့မဟုတ် ကဆွာဆ် အကောင်အထည် မဖော်မီ ဂိုစ်လ် လေ မိုင်ယသ် ပြုထားသူ၏ ခန္ဓာကိုယ် အား ထိတွေ့ ခြင်း တို့ဖြစ်ပါတယ်။ သို့သော် အချို့ ဓမ္မသတ် ပညာရှင်များ အနေဖြင့် ရှဟီးဒ် (ခ) အာဇာနည် ၏ အလောင်း ကိုထိတွေ့ ပြီးနောက်လည်း ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် ပြုရမည် ဖြစ်ကြောင်း ဆိုထားကြပါတယ်။
ဆက်နွယ်နေသည့် ရှရီအီ ဥပဒေများ ကိုလေ့လာကြည့်မည်ဆိုလျင်
လူသေအလောင်းကို ထိခြင်း နှင့် ပတ်သက်၍ အချို့ ရှရီအီ ဥပဒေများ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်၊
(၁) ရှီအဟ် ဓမ္မသတ်ပညာရှင်များ ၏အဆိုအရ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ထည့်ပြီးလျင် လည်း ဝဇူ အတွက် မလုံလောက် ချေ။ဤအတွက်ကြောင့် နမာဇ် ဝတ်ပြုရန် အတွက် ဤ ဂိုစ်လ် ပြုပြီးသည့် အပြင် မလွဲမသွေ ဝဇူလည်း ထပ် ပြုရမည် ဖြစ်ပါတယ်။ သို့သော် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ ၏ ဖသ်ဝါ အရ ဂိုစ်လ်လေမတ်စ်စေမိုင်ယသ် သည် လည်း ဂိုလ်စ်ဂျနာဗသ် အတိုင်းဖြစ်ပါသည်။ တစ်နည်း အား ဖြင့် ဝဇူ သီးခြား ထပ်၍ ပြုရန်မလိုချေ။
(၂) မရာဂျေအ်အေ သက္က်လီးဒ် အများစု ၏ ဖသ်ဝါ အရ လူသေအလောင်း မှ ပြုတ်ထွက်သွားသည့် အပိုင်းအစ ထိတွေ့ချိန် ထိုအပိုင်းအစ တွင် အရိုးပါမည် ဆိုလျင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် ဝါဂျစ်ဗ် ဖြစ်ပါ တယ်။ သို့သော် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ ၏ ဖသ်ဝါ အရ လူသေအလောင်း မှ ပြုတ်ထွက်သွား သည့် အပိုင်းအစ တွင် အရိုး နှင့် အသား ပါ ဖြစ်နေပါစေ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် မလုပ်အပ်ချေ။
(၃) အကယ်၍ လူသေအလောင်း အား အေးပြီး မှ ထိတွေ့မိတာလား?သို့မဟုတ် မအေးခင် ထိတွေ့ မိတာလား? ဟု သံသယ ဝင်ဖြစ်နေချိန် တွင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် မလုပ်အပ်ချေ။
(၄) ထိတွေ့မိသည့် အလောင်းသည် ရှဟီးဒ် အလောင်းဟုတ်လား? မဟုတ်လား? ဟု သံသယ ဖြစ်နေချိန် တွင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် မလုပ်အပ်ချေ။
(၅) ထိတွေ့မိသည့် အလောင်းအား ရေချိုးပေးပြီးမှ ထိတွေ့ မိတာလား? သို့မဟုတ် ရေမချိုးခင် ထိတွေ့ မိတာ လား? ဟု သံသယ ဖြစ်နေချိန် တွင် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ပြုရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။
(၆) လူသေအလောင်းကို အကြိမ်ပေါင်းများစွာ ထိတွေ့မိသည်ဖြစ်စေ၊ အလောင်း တစ်လောင်းမက ကိုထိတွေ့ မိသည် ဖြစ်စေ ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် ကို ထပ်ခါထပ်ခါ ပြုရန် မလိုအပ်ပေ။
(၇) အချို့သော ဓမ္မသတ် ပညာရှင်များ၏ အဆိုအရ လူသေအလောင်းကို ထိတွေ့ ခြင်းသည် ဟဒက်စ် စေ အဇ်ဂဲရ် ပမာ ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် သည် ဝဇူပြုရန် ဝါဂျစ်ဗ် ဖြစ်သည့် အလုပ်များ အတွက်လည်း ဝါဂျစ်ဗ် ဖြစ်သွားပါတယ်။ ပမာအားဖြင့် နမာဇ် ဝတ်ပြုရန် ၊ ကျမ်းတော် မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို ထိမိရန် ဖြစ်ပါသည်။ အချို့သော ဓမ္မသတ် ပညာရှင်များ၏ အဆိုအရ လူသေအလောင်းကို ထိတွေ့ ခြင်းသည် ဟဒက်စ်စေ အက္က်ဘဲရ် ပမာ ဖြစ်ပါသည်။ ဤ အတွက် ကြောင့် ဂိုစ်လ်လေ မတ်စ်စေ မိုင်ယသ် သည် သွဟာရသ် နှင့်ပြုရသည့် အလုပ်များ အတွက်လည်း ဝါဂျစ်ဗ် ဖြစ်သွား ပါတယ်။ ပမာအားဖြင့် နမာဇ် ဝတ်ပြုရန် ၊ သွဝါဖ် ပြုရန် ၊ ရိုဇဟ်ထားရန် ၊ မတ်စ်ဂျစ်ဒ် တွင် ဝင်နိုင်ရန် တို့ ဖြစ်ပါတယ်။ ဝဟီးဒ် ဗဟ်ဗဟာနီ ၏ အဆိုအရ ဓမ္မသတ် ပညာရှင်များ အကြားတွင် ဒုတိယ အမြင် (ဟဒက်စ်စေ အက္က်ဘဲရ် ပမာ) ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိ မရာဂျေအ်အေ သက္က်လီးဒ် အများစု အမြင်မှာ ပထမအမြင် (ဟဒက်စ် စေ အဇ်ဂဲရ် ပမာ) ဖြစ်ပါတယ်။
ကျမ်းကိုးများ
بنیهاشمی خمینی، سید محمدحسن، توضیح المسائل مراجع، دفتر انتشارات اسلامی، ۱۳۹۲ش . 1:
2: تبریزی غروی، میرزاعلی، التنقیح فی شرح العروة الوثقی تقریراً لبحث آیةالله العظمی السید ابوالقاسم الخوئی، چاپ دوم، ۱۴۱۱ق .
3: حسینی عاملی، سید محمدجواد، مفتاح الکرامة فی شرح قواعد العلامه، تحقیق محمدباقر خالصی، قم، مؤسسة النشر الاسلامی، بیتا ..
4: خمینی، روحالله، تحریر الوسیله، تهران، مؤسسه تنظيم و نشر آثار امام خمينى(ره)، بیتا .
5: خمینی، روحالله، تحریر الوسیله، تهران، مؤسسه تنظیم و نشر آثار امام خمینی(ره)، ۱۳۹۲ش .
6 : سیستانی، سید علی، توضیح المسائل، بینا، بیتا .
7: سیستانی، سید علی، منهاج الصالحین، قم، دفتر نشر حضرت آیة الله سیستانی، ۱۴۱۷ق .
شیخ صدوق، محمد بن علی، علل الشرائع، قم، کتابفروشی داوری، ۱۳۸۵ش/۱۹۶۶م ..8:
9: شیخ طوسی، محمد بن حسن، الخلاف، مؤسسة النشر الاسلامی، بیتا .
10 : طباطبایی یزدی، سید محمدکاظم، العروة الوثقی، قم، مؤسسة النشر الاسلامی، ۱۴۱۹ق .
11: علامه حلی، حسن بن یوسف، تذکرة الفقهاء، قم، مؤسسه آلالبیت علیهمالسلام لاحیاء التراث، ۱۴۱۴ق .
12 : نجفی، محمدحسن، جواهر الکلام فی شرح شرایع الاسلام، تحقیق عباس قوچانی، بیروت، دار احیاء التراث العربی، چاپ هفتم، ۱۳۶۲ش .
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment