၁၅ စက်တင်ဘာ ၂၀၂၅ - ၀၉:၂၃
အာယသ်သေစိုက်ဖ် အကြောင်း သိကောင်းစရာ

အာယသ်သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၏ စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅ ဖြစ်ပြီး မွတ်ရှ်ရေက်များအား အစ္စလာမ်ဘာသာသို့ မကူး ပြောင်း ပါက လေးလကြာပြီးနောက် သတ်ဖြတ်ရန် သို့မဟုတ် ဖမ်းဆီးခြင်း နှင့် ဝိုင်းရံထားရန် မွတ်စလင်မ်များ အား အမိန့်ပေးထားသည့် အာယသ်တော်ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် မွတ်စလင်မ် တိုင်း ရှီအဟ် ဖြစ်စေ ၊ စွန်နီ ဖြစ်စေ လေ့လာ ထားသင့် သည့် သိထားရမည့် အာယသ်တော် တစ်ပါး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာယသ်သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် (آية السّيف أو آية القِتال ) ဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅ ဖြစ်ပြီး မွတ်ရှ်ရေက်များအား အစ္စလာမ်ဘာသာသို့ မကူး ပြောင်း ပါက လေးလကြာပြီးနောက် သတ်ဖြတ်ရန် သို့မဟုတ် ဖမ်းဆီးခြင်း နှင့်  ဝိုင်းရံထားရန် မွတ်စလင်မ် များ အား အမိန့်ပေးထားသည့် အာယသ်တော်ဖြစ်ပါတယ်။ ရှီအဟ် နှင့် အဲဟ်လေ့ စွန္နသ် သဖ်စီးရ် ပညာရှင်များ ၏ အဆိုအရ ဤ အာယသ်တော်လာ မွတ်ရှ်ရေက် များသည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) လက်ထက်တွင် ပဋိညာဉ် ဖောက်ဖျက်သော ကိုရည်ညွှန်းကြောင်းဆိုထားပါ တယ်။  သို့သော် စလဖီ ၊ဂျေဟာဒ်ဒီ အုပ်စုများသည် ဂျေဟာဒ်‌ဒေ အစ်ဗ်သေ ဒါအီ (တိုက်စစ်) အတွက် ဤ အာယသ်တော် ကို ကိုးကားကြပါတယ်။

အချို့ပညာရှင်များက အာယသ်သေ စိုက်ဖ် အား ဆိုလ်ဟ် ၊ ဂျစ်ဇ်ယဟ် ၊ ဖစ်ဒ်ယဟ် ခေါင်းစဥ်၏ အချို့ အာယသ် တော်များ ကြောင့် နာစေခ် ဖြစ်သွားသည်ဟု ဆိုကြပါတယ်။ သို့သော် အချို့ ပညာရှင်များ က အာယသ် သေ စိုက်ဖ်သည် မည်သည့် အာယသ်တော် ကြောင့် နာစေခ် မဖြစ်ကြောင်း ဆိုထားပါတယ်။ ထိုပြင် နောက် အာယသ် တော် ကြောင့် သက်ခ်ဆီးဆ် (ခ) သီးခြားသတ်မှတ်ခြင်း၊အထူးပြုခြင်း ပြုထားပါတယ်။  ဤသည်မှာ အလ္လာဟ်ဟို အရှင်မြတ်သည် တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) အားမိန့် ကြားတော်မူသည်မှာ «  အကယ်၍ မွတ်ရှ်ရေက် တစ်ဦး တစ်ယောက်သည် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ်ကပတ်တော်ကို ကြားနာရန် သင့်ထံ ခိုလှုံရန်ရှာလျှင် သူ့အား ခွင့်ပြုပေးပြီး လုံခြုံသောနေရာသို့ပို့ဆောင်ပါလေ။  » ဖြစ်ပါတယ်။ စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉ နှင့် စူရဟ် ဟဂျ် ၏ အာယသ်တော် ၃၉ ကိုလည်း အာယသ် သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် ဟုခေါ်ဆိုပါတယ်။

အာယသ်တော် ၏ အချက်အလက် များအကြောင်း တင်ပြရမည် ဆိုလျင်

အာယသ်သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် သည် စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅ ဖြစ်ပါတယ်။ ဤအာယသ် တော်အရ မွတ်စလင်မ် များကို ဟီဂျရီ ၉ ခုနှစ် တွင် အမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုအမိန့်မှာ မွတ်ရှ်ရေက်များ ကိုလေးလ အချိန်ပေးပြီးနောက် ပြင်းပြင်းထန်ထန်ဆက်ဆံရန် ဖြစ်ပါသည်။ ပမာအားဖြင့် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဝိုင်းရံပိတ်ဆို့ ခြင်းတို့ ဖြစ်ပါတယ်။

ဤ အာယသ်တော်အရ  မွတ်ရှ်ရေက်များသည် သတ်မှတ်ထားသောကာလ မကျော်လွန်မီ အစ္စလာမ် ဘာသာ ကို လက်ခံယုံကြည်ကြပြီး အစ္စလာမ်မီ ထုံးတမ်းများ မှ အရေးအကြီးတကာ အကြီးဆုံးဖြစ်သည့် နမာဇမ် ဝတ်ပြုခြင်း နှင့် ဇကာသ်ပေးခြင်း ကို ပြုလုပ်လျင်  ၎င်းတို့သည် ဘေးကင်းပြီး ကွဲပြားမှုမရှိဘဲ မွတ်စလင်မ် များ နှင့် အတူ အခွင့်အရေး ရရှိမည် ဖြစ်ပါတယ်။ ပညာရှင်များ က အာယသ်တော် တွင် နမာဇ် ဝတ်ပြု ခြင်း နှင့် ဇကာသ် ပေးခြင်း တို့ကို ဖော်ပြခြင်းသည်  သောင်ဗဟ် (ခ) ဝန်ချတောင်းပန်ခြင်း  နှင့် အီမာန် (ခ) သက်ဝင်ယုံ ကြည်ခြင်း ၏ လက္ခ ဏာများ  မှ ဖြစ်သည်ဟု ဆိုထားကြပါတယ်။ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ်မိုရှီရာဇီး ၏ အဆို အရ « လမ်းများကိုပိတ်ဆို့ခြင်း၊ ဝိုင်းရံပိတ်ဆို့ ခြင်း၊ ဖမ်းဆီးခြင်း နှင့် သတ်ဖြတ် ခြင်း   » ၏ ရွေးချယ် စရာလေးခုထဲမှ တစ်ခုရွေးချယ်မှုသည် ရွေးချယ်ခွင့် မဟုတ်ကြောင်း ရှင်းလင်းစွာ သိရ သည် ဟု ဆိုထားပါတယ်။ ယင်း ရွေးချယ်မှုများ ထဲမှ တစ်ခုကို အကောင်အထည်ဖော်သည့်အခါ အချိန်၊ နေရာ၊ စသည် စည်းကမ်း သတ်မှတ်ချက်များ နှင့် သင့်လျော်သည့်အတိုင်း ပြုရမည် ဖြစ်ပါတယ်။

သဖ်စီးရ်ပညာရှင်များသည် အချိန်ပေးထားသည် လေးလတွင် မည်သည့်လများ ပါဝင်သည်နှင့် ပတ်သက်၍ ကွဲပြားသော အမြင်များ ရှိသည်။ အချို့က ဤလများကို တားမြစ်လများဟု ဆိုထားကြပါတယ်။ အပြိုင် တွင် သဖ်စီးရ် ပညာရှင် အများစု သည် အချိန်ပေးထားသည် လေးလ သည် တားမြစ် လ လေးလ မဟုတ်ဘဲ အခြား လများ ဖြစ်သည်ဟု ဆိုထားကြပါတယ်။ ထိုလေးလမှာ ဇေလ်ဟဂျ်ဂျဟ် ၉ရက်နေ့ ဟီဂျရီ ၉ ခုနှစ် မှ ရဘီအွတ်စ် စာနီ ၁၀ရက်နေ့ ဟီဂျရီ ၁၀ ခုနှစ် ဖြစ်ကြောင်း ဆိုထားကြပါတယ်။

အာယသ်သေ စိုက်ဖ် ကို ကိုးကား၍ အချို့ ဓမ္မသတ်ပညာရှင်များ (ခ) ဖေကဟ်ပညာရှင်များ က နမာဇ် စွန့်လွတ်သူ ၊ နမာဇ် လက်မခံသူ အား  မိုရ်သဒ် ဖြစ်ကြောင်း ၎င်းအား သတ်ခြင်း မှာ ဝါဂျစ်ဗ်  ဖြစ်ကြောင်း ဆိုထားကြပါတယ်။ အကြောင်း မှာ အကြောင်းမှာ ဤအာယသ်တော် တွင် နမာဇ် ဝတ်ပြုခြင်း သည် မွတ်ရှ်ရေက် အား သတ်ဖြတ် ခြင်းမှ ကာကွယ်နိုင်သော စည်းကမ်းချက် များမှ  တစ်ခုဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။ အချို့ သဖ်စီးရ် ပညာရှင်များက စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉ နှင့် စူရဟ် ဟဂျ် ၏ အာယသ်တော် ၃၉ ကိုလည်း အာယသ် သေ စိုက်ဖ် သို့မဟုတ် အာယသ်သေ ကေသာလ် ဟုခေါ်ဆိုထားကြပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် တွင် လာရှိသည်မှာ -

فَإِذَا انْسَلَخَ الْأَشْهُرُ الْحُرُمُ فَاقْتُلُوا الْمُشْرِكِينَ حَيْثُ وَجَدْتُمُوهُمْ وَخُذُوهُمْ وَاحْصُرُوهُمْ وَاقْعُدُوا لَهُمْ كُلَّ مَرْصَدٍ فَإِنْ تَابُوا وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ فَخَلُّوا سَبِيلَهُمْ إِنَّ اللَّهَ غَفُورٌ رَحِيمٌ .

ထို့နောက် မြင့်မြတ်သောလများ ကုန်လွန်သွားသောအခါ သင်တို့ တွေ့သမျှ နေရာတိုင်းတွင် မွတ်ရှ်ရေက်များ ကို သတ်ပါလေ။ပြီးနောက် ၎င်းတို့ကို ဖမ်းဆီး ပါလေ။ ပြီးနောက် ဝိုင်းရံ ပိဆ်ဆို့ ပါလေ။ ပြီးနောက် ၎င်းတို့အား ချောင်းမြောင်း နိုင်သည့် ချောင်းမြောင်းမှုတိုင်း ပြုလုပ် ပါတယ်။  အကယ်၍ ၎င်းတို့သည် သောင်ဗဟ် (ခ)ဝန်ချ တောင်းပန်မည်။ ပြီးနောက် နမာဇ် ဝတ်ပြုမည်။ ပြီးနောက်ဇကာသ် ပေးဆောင်မည် ဆိုလျင်   ၎င်းတို့ အတွက် လမ်းဖွင့်ပေးလိုက်ပါ။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွတ် သနား တော်မူသော အရှင် ဖြစ်တော်မူသည် အတွက်ကြောင့် ဖြစ်ပါသည်။ စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅

ပဋ္ဋိညာဉ်ချိုးဖျက်သော မွတ်ရှ်ရေက်များ နှင့် စစ်ဖြစ်ခြင်းကိုလေ့လာ မည် ဖြစ်

သဖ်စီးရ်ပညာရှင်များ သည် ဤအာယသ်တော် ရှိ မွတ်ရှ်ရေက်များ  အား တမန်တော်မြတ်(ဆွ) လက်ထက်က ပဋိညာဉ် ဖောက်ဖျက်သော မွတ်ရှ်ရေက်များ ဖြစ်ကြောင်း ဆိုထားပါတယ်။ ထိုသူများသည် တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ ) နှင့် မွတ်စလင်မ်များနှင့် ပဋိညာဉ်ဖွဲ့ခဲ့သော် ချိုးဖျက် ခဲ့ကြသူများ ဖြစ်ပါတယ်။ အချို့ သဖ်စီးရ် ပညာ ရှင်များ က မွတ်ရှ်ရေက်များ ဆိုသည်မှာ မကောင်း ကြံစည်ကြသည့် မွတ်ရှ်ရေက်များ နှင့် ကာဖေရ် ဟရ်ဘီ များ ဖြစ်ကြောင်း ဆိုထားပါတယ်။

ဤအာယသ်တော် နှင့် တိုက်ပွဲနှင့်သက်ဆိုင်သည့် အခြားအာယသ်တော် များကို အနက်ပြန်ဆိုရာတွင် စွန်နီသဖ်စီးရ် ပညာရှင် ရရှီးဒ် ရေဇာ ( ကွယ်လွန် - ခရစ်သက္ကရာဇ် ၁၉၃၅ ခုနှစ်) သည် မက္ကဟ် မြို့က မွတ်ရှ်ရေက် များကို ဆိုလိုကြောင်း ထိုမွတ်ရှ်ရေက်များ နှင့်ပတ်သက်၍  အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် အာယသ် သေ ကေသာလ် (တိုက်ပွဲ) များ တွင် ပဋိညာဉ်များကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့သော ကြောင်း မိန့်ကြား ထားပါတယ်။

သဖ်စီးရ်ပညာရှင် တစ်ပါး ဖြစ်သည့် မိုဟမ္မဒ် အေဇက်သ် ဒရူဇဟ် (ကွယ်လွန် - ခရစ်သက္ကရာဇ် ၁၉၈၄ ခုနှစ် ) ၏အဆိုအရ စူရဟ် သောင်ဗဟ် ၏ အစပိုင်း အာယသ်တော်များတွင်လာရှိသည့် မွတ်ရှ်ရေက်များ ဆိုသည်မှာ ပဋိညာဉ် ကို ချိုးဖျက်ခဲ့ကြသူများ ဖြစ်ကြောင်း ၎င်းတို့ သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သဗူက် စစ်ပွဲ တွင် ပါဝင်နေချိန် မွတ်စလင်မ် များ အပေါ်  ကောက်ကျစ် ကြံစည်မှု ကို ပြုလပ်ခဲ့ကြသူများ ဖြစ်ပါတယ်။

မိုဟမ္မဒ် အေဇက်သ် ဒရူဇဟ် ယုံကြည်ချက်အရ ဤအာယသ်တော်များ အရ မွတ်ရှ်ရေက် များ အားလုံး အကျုံးဝင်သည်ဟု ဆိုခြင်းမှာ စေယာက် ဝ စဖါက် (ခ)  ဆက်စပ်အကြောင်းအရာနှင့် အခြေ အနေ နှင့် အဓိပ္ပာယ် ဆိုလို ချက် အရ မကိုက်ညီကြောင်း ဖြစ်ပါတယ်။

သုတေသီအချို့ မှ စူရဟ်သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၅ အား  စလဖီ ၊ဂျေဟာဒ်ဒီ အုပ်စုများ မှ ဂျေဟာဒ်‌ဒေ အစ်ဗ်သေ ဒါအီ (ခ) တိုက်စစ် အတွက် ကိုးကားကြကြောင်း ဆိုထားပါတယ်။ ၎င်းတို့ အနေဖြင့် ဤ အာယသ် တော် အား ဆိုလ်ဟ်(ခ) ငြိမ်းချမ်းရေး နှင့် အအ်ဖ်  (ခ) ခွင့်လွတ်ခြင်း  ဆိုင်ရာ အာယသ်တော်များ အားလုံး အတွက် နစာစေခ် ဖြစ်ကြောင်း ဤအာယသ် တော် လာ မွတ်ရှ်ရေက်များဆိုသည်မှာ ကာဖေရ်များ အားလုံး ကို ဆိုလိုခြင်း ဖြစ်ကြောင်း ထိုကာဖေရ်များသည် မိုဟာရေဗ် ဖြစ်စေ ၊ မိုဟာရေဗ် မဖြစ်စေ ပါဝင် ကြောင်း ဆိုထား ပါတယ်။ အခြားတစ်ဖက်တွင် ဤ အကျယ် ဖွင့်ဆိုချက်မှာ မှားယွင်းကြောင်း ဘာသာ သာသနာ နှင့် ပတ်သက်၍ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း နှင့် ပြဌာန်းခြင်းသည် မွတ်စ်လင်မ် ယုံကြည်ချက် အပေါ် ဆိုးကျိုး သက်ရောက်စေ ပြီး အစ္စလာမ်၏ပုံရိပ်ကို ညှိုးနွမ်းစေကြောင်း ဆိုထားပါတယ်။

အာယသ်တော် ၏ နာစေခ် သို့မဟုတ် မန်စူခ် ဖြစ်ခြင်း ကိုလေ့လာ လျင်

အချို့ သဖ်စီးရ် ပညာရှင်များက အာယသ်သေ စိုက်ဖ် သည် ကျမ်းတော်မြတ်ကုရ်အာန် လာ မွတ်ရှ်ရေက်များ နှင့်ပတ်သက် သည့် ဆိုလ်ဟ်(ခ) ငြိမ်းချမ်းရေး  နှင့် အအ်ဖ်  (ခ) ခွင့်လွတ်ခြင်း ဆိုင်ရာ အာယသ်တော်များ မွတ်ရှ်ရေက် များ မှ ဖစ်ဒ်ယေ ယူခြင်းဆိုင်ရာ အာယသ်တော်များ ပေါင်း ၁၂၄ အာယသ်တော်ကို နာစေခ် ဖြစ်စေခဲ့ ကြောင်း ဆိုထားကြပါတယ်။ အချို့ သဖ်စီးရ် ပညာရှင်များက အာယသ်သေ စိုက်ဖ် သည် ဆိုလ်ဟ်(ခ) ငြိမ်းချမ်း ရေး)  နှင့် အအ်ဖ်  (ခွင့်လွတ်ခြင်း ) ဆိုင်ရာ အာယသ်တော်များကြောင့် မန်စူခ် ဖြစ်သွား သည်ဟု ဆိုထား ကြပါ တယ်။

အချို့ သဖ်စီးရ် ပညာရှင်များ မှ အာယသ်သေ စိုက်ဖ် နှင့် စူရဟ် မိုဟမ္မဒ် အာယသ် တော် အမှတ် ၄ တွင်လာရှိသည့် မွတ်ရှ်ရေက်များ မှ ဖစ်ဒ်ယဟ် ဘူဖို့ မိန့်ကြားထားတာ ဖြစ်ပါတယ်။ အာယသ်တော် နှစ်ပါးသည် အပြန်အလှန် နာစေခ်မဟုတ်ဘဲ မိုဟ်ကမ်အာယသ်တော်များ မှ ဖြစ်ပါတယ်။  အကြောင်း သည်ကား တမန်တော်မြတ် (ဆွ) သည် မွတ်ရှ်ရေက်များ နှင့်  စစ်တိုက်ရန် မိန့်ကြားထားသလို အအ်ဖ်  (ခွင့်လွတ်ခြင်း) ပြုရန် နှင့် ၎င်းတို့ထံ မှ ဖစ်ဒ်ယဟ် (ရှရီအီဒဏ်ကြေး) ယူရန် မိန့်ကြားထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

အချို့သော သဖ်စီးရ် ပညာရှင်များ  ဤအာယသ် တော် သည် နောက်အာယသ်တော် နှင့် ဆက်စပ်သည်ဟု ဆို ကြပါ တယ်။ နောက်အာယသ် တော် ၌ အလ္လာဟ်ဟို အရှင်မြတ် က တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) အား မိန့်ကြား တော်မူသည်မှာ မွတ်ရှ်ရေက်များ ထဲမှ တစ်ဦးတစ်ယောက် သည် အလ္လာဟ် ဟို အရှင်မြတ် ၏ နှုတ် ကပတ်တော်ကို ကြားနာရန် သင့်ထံ ခိုလှုံခွင့်တောင်းပါကထိုသို့အား ကြားနာ ခွင့်ပေးပြီးနောက် လုံခြုံ သော အရပ်သို့ ခေါ်ဆောင်သွားပါရန် မိန့်ကြားထားပါ တယ်။ အဲဟ်လေ့ စွန္နသ် သဖ်စီးရ် ပညာရှင် ရရှီးဒ် ရေဇာ ( ကွယ်လွန် - ခရစ်သက္ကရာဇ် ၁၉၃၅ ခုနှစ်) က ဤ အာယသ်သေ စိုက်ဖ် ၏ အထူးကိစ္စရပ်ဖြစ်ကြောင်း လက်ခံ ထားပါတယ်။ အကြောင်းမှာ အချို့သော မွတ်ရှ်ရေက်များသည် အလ္လာဟ်ဟို အရှင်မြတ် ၏ နှုတ် ကပတ်တော်ကို မကြားရသေးသောကြောင့် ဖိတ်ခေါ်မှုသည် ၎င်းတို့ထံ လုံးလုံးလျားလျား မရောက် သေး သောကြောင့် ဖြစ်ပါသည်။ ဤအတွက်ကြောင့် အလ္လာဟ်ဟို အရှင်မြတ် သည် ၎င်းတို့အတွက် သမ္မာ တရားလမ်းကို ဖွင့်ထားခဲ့ပြီး အာယသ်သေ စိုက်ဖ် အထူးပြုခဲ့ပါတယ်။

အချို့ သဖ်စီးရ် ပညာရှင်များ   က အာယသ်သေ စိုက်ဖ်  နာစေခ် ဖြစ်ကြောင်းကို ငြင်းဆိုထားကြပါတယ်။  အကြောင်း သည်ကား စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉ နောက်တွင် ကျရောက်လာသည့် အတွက် ကြောင့် ဖြစ်ပါတယ်။  ထိုအာယသ်တော်တွင် အဲဟ်လေ့ကေသာဗ် (ခ) ရဟူဒီ၊ခရစ်ယာန် ၊ ဇရသုထရသ အနေဖြင့် ဂျစ်ဇ်ယဟ် (ခ) အစ္စလာမ်ဘာသာဝင်မဟုတ်သူများက အစ္စလာမ် အစိုးရကို ပေးဆောင်ရသည့်အခွန် ကို ပေး ဆောင် သည့် အခြေအနေတွင် လွတ်လပ်ခွင့် ပေးထားပါတယ်။

အာယသ်သေ စိုက်ဖ် အနှစ်ချုပ်

အာယသ်တော် အမည် မှာ  စိုက်ဖ် ဖြစ်ပါတယ်။ လာရှိသည့် စူရဟ် ကတော့ စူရဟ် သောင်ဗဟ် ဖြစ်ပါတယ်။ အာယသ်တော်အမှတ် ကတော့ ၅ ဖြစ်ပါတယ်။ ဂျွတ်ဇ် နံပါတ် ကတော့  ၁၀ ဖြစ်ပါတယ်။ ရှာနေနိုဇူလ် (ခ) အာယသ်တော် ကျရောက်ရသည့် သမိုင်း အဖြစ်အပျက် ဖြစ်သည့် နေရာ မှာ မဒီနာ ဖြစ်ပါတယ်။ ပြောထားတာ ကတော့ သက်ဝင်ယုံကြည်မှုများ ဖြစ်ပြီး အကြောင်း ကတော့ မွတ်ရှ်ရေက်များ နှင့် ဆက်ဆံ ခြင်း အကြောင်း ဖြစ်ပါတယ်။ဤ အာယသ် တော် နှင့် ပတ်သက်ဆက်နွယ်နေသည့် အာယသ်တော်များ မှာ စူရဟ်ဟဂျ်၏ အာယသ် တော် အမှတ် ၅ ၊ စူရဟ် သောင်ဗဟ် ၏ အာယသ်တော် အမှတ် ၂၉ ၊ စူရဟ် ဗကရဟ် အာယသ်တော် အမှတ် ၁၉၀၊ ၁၉၁၊ ၁၉၃ တို့ ဖြစ်ပါတယ်။

ကျမ်းကိုးများ

* استرآبادی، میرزا محمد بن علی، آیات الأحكام، تهران، مکتبه المعراجی، بی‏‎‌تا.

* آرمین، محسن، جریان‌های تفسیری معاصر، تهران، نی، ۱۳۹۶ش.

* اشکوری، محمد بن علی‏، تفسیر شریف لاهیجی، تهران، دفتر نشر داد، ۱۳۷۳ش.

* بیضاوی، عبدالله بن عمر، أنوار التنزیل و أسرار التأویل، بیروت، دار إحیاء التراث العربی‏، ۱۴۱۸ق.

* جزائری، سید نعمت‌الله، عقودالمرجان فی تفسیر القرآن، قم، نور وحی، ۱۳۸۸ش.

* خویی، سید ابوالقاسم، البیان فی تفسیرالقرآن، قم، مؤسسه احیاء آثار امام خوئی، ۱۴۳۰ش.

* رشیدرضا، محمد، تفسیر المنار، مصر، الهیئة المصریه العامه للکتب، ۱۹۹۰م.

* سیوطی، جلال الدین، الاتقان فی علوم القرآن، قاهره، الهیئة المصریه العامه للکتاب، ۱۴۱۵ق.

* شاه‌عبدالعظیمی، حسین، تفسیر اثنی عشری، تهران، میقات، ۱۳۶۳ش.

* شایق، محمدرضا، «حل تعارض ظاهری بین آیات سیف و نفی اکراه و تأثیر آن در مسئلهٔ آزادی در انتخاب دین»، پژوهش‌نامه تفسیر کلامی قرآن، شماره ۹، بهار ۱۳۹۵ش.

* طباطبایی، سید محمدحسین، المیزان فی تفسیر القرآن، بیروت، موسسة الاعلمی للمطبوعات، ۱۳۹۰ق.

* طبرسی، فضل بن حسن‏، مجمع البیان فی تفسیر القرآن، تهران، ناصرخسرو، ۱۳۷۲ش.

* فیض کاشانی، محمد بن شاه مرتضی‏، تفسیر الصافی، تهران، مکتبة الصدر، ۱۴۱۵ق.

* قرشی بنابی، علی‌اکبر، تفسیر احسن الحدیث، تهران، بنیاد بعثت‏، ۱۳۷۵ش.

* کاشفی، حسین بن علی‏، تفسیر حسینی (مواهب علیه)، سراوان، کتابفروشی نور، بی‌تا.

* لطفی، علی‌اکبر، «نقد دیدگاه سلفیه جهادی دربارهٔ جهاد ابتدایی با تکیه بر آیه ۵ سوره توبه»، سراج منیر، شماره ۲۷، پاییز ۱۳۹۶ش.

* مرکز اطلاعات و مدارک اسلامی، فرهنگ نامه علوم قرآن، قم، پژوهشگاه فرهنگ اسلامی، ۱۳۹۴ش.

* مکارم شیرازی، ناصر، تفسیر نمونه، تهران، دار الکتب الإسلامیة، ۱۳۷۱ش.

* مغنیه، محمدجواد، تفسیر الکاشف، قم، دار الکتاب الإسلامی‏، ۱۴۲۴ق.

* نحّاس، ابوجعفر احمد بن محمد، الناسخ والمنسوخ، کویت، الفلاح، ۱۴۰۸ق.

* نجفی جواهری، جواهرالکلام، بیروت، دار إحیاء التراث العربی، ۱۳۶۲ش.

* هاشمی رفسنجانی، اکبر، تفسیر راهنما، قم، بوستان کتاب، ۱۳۸۶ش.

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha