၁၉ စက်တင်ဘာ ၂၀၂၅ - ၀၉:၅၂
ကရိုအေးရှား နိုင်ငံမှာ ကျင်းပနေသည့် ကမ္ဘာ့ နပန်းချန်ပီယံပြိုင်ပွဲ ၏ ပထမနေ့ တွင်အီရန် နပန်းသမားများ ထူးချွန် စွာ အောင်မြင်

ကရိုအေးရှားနိုင်ငံမှာ ကျင်းပနေသည့် ကမ္ဘာ့ နပန်းချန်ပီယံပြိုင်ပွဲ ၏ ပထမနေ့ တွင်အီရန် နပန်းသမားများ သည် လေးပွဲ ပြိုင်ခဲ့ရာ လေးပွဲ လုံးတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာအရ ကရိုအေးရှားနိုင်ငံမှာ ကျင်းပနေသည့် ကမ္ဘာ့ နပန်းချန်ပီယံပြိုင်ပွဲ ၏ ပထမနေ့ တွင် အီရန်နပန်းသမားများသည် ၅၅ ၊ ၇၇၊ ၈၂ နှင့် ၁၃၀ ကီလိုဂရမ် အလေးချိန်အမျိုးအစားများတွင် ထူးချွန်စွာ ကစားခဲ့ကြပါတယ်။

၈၂ ကီလိုဝိတ်တန်းအမျိုးအစားတွင် အီရန်နပန်းသမား ဂိုလာန်မ် ရေဇာ ဖရ်ခီ  က ၎င်း၏ တရုတ်ပြိုင်ဘက်ကို  ၉ မှတ် ၀ မှတ် ဖြင့် အနိုင်ရရှိခဲ့ပါတယ်။  ၎င်း၏နောက်ထပ်ပွဲစဉ်ကို ဟန်ဂေရီယန်း အဲရစ်ခ်ဆီလ်ဝါဆီ နှင့် စီစဉ် ထားကြောင်း သိရပါတယ်။

၇၇  ကီလိုဂရမ်အုပ်စုတွင် အလီရေဇာ အဗ်ဒူလီ သည် စပိန်လူမျိုးကို ၅မှတ် ၀မှတ်  ဖြင့်အနိုင်ယူခဲ့ပါတယ်။ ၎င်း၏ နောက်ပွဲသည် ခရူဂျစ်ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

၁၃၀ ကီလိုဝိတ်တန်းအမျိုးအစားတွင် အမီးန် မီးရ်ဇာဇါဒဟ် သည် မိမိ ၏ပထမဆုံးပွဲ၌ ခရိုအေးရှား နပန်း သမားအား အံ့မခန်းရမှတ်  ၈ မှတ် ၀ မှတ်  ဖြင့်အနိုင်ယူခဲ့ပါတယ်။

၅၅ ကီလိုဝိတ်တန်းအမျိုးအစားတွင်လည်း အသက် ၁၉ နှစ်အရွယ် ပယာန်းဖရ်ဇါဒ် အဲဟ်မဒ်ဒီ သည် မိမိ ၏ အဇာဘိုင်ဂျန် ပြိုင်ဘက်ကို ၃ မှတ် ၁ မှတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha