အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မော်လ်တာနိုင်ငံသည် ယနေ့အင်္ဂါနေ့တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်း နိုင်ငံကို တရားဝင် အသိအမှတ်ပြုမည်ဖြစ်ကြောင်း မော်လ်တာဝန်ကြီးချုပ်ရုံးမှ ကြေညာခဲ့ပါတယ်။
ဤခြေလှမ်း နှင့်အတူ မော်လ်တာသည် မကြာသေးမီရက်များအတွင်း အလားတူခြေလှမ်းများလုပ်ဆောင်ခဲ့သည့် နိုင်ငံအုပ်စုတစ်စုနှင့် ပူးပေါင်းခဲ့ကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့တွင် ဗြိတိသျှ၊ ကနေဒါ၊ ဩစတြေးလျနှင့် ပေါ်တူဂီနိုင်ငံတို့သည်လည်း ပါလက်စတိုင်း နိုင်ငံအား တရားဝင် အသိအမှတ်ပြုခဲ့ကြပြီး ထိုတရားဝင် အသိအမှတ် ပြုမှု သည် ဂါဇာ၌ ဖြစ်ပွားနေသည့် စစ်ပွဲ အဆုံးသတ်ရေး အထောက်အကူပြုရန် ရည်ရွယ်မှုဖြစ်ကြောင်း သိရပါတယ်။
သတင်းအရ မော်လ်တာ (တရားဝင်အမည် - မော်လ်တာသမ္မတနိုင်ငံ) သည် မြေထဲပင်လယ်အလယ်ဗဟိုရှိ ဥရောပ တောင်ပိုင်းတွင် တည်ရှိသောကျွန်းနိုင်ငံတစ်ခု ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment