အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
pasokhgoo.ir ထံ မေးမြန်း ထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဒိုအာယေသဝစိုလ် ဖတ်ရမည့် အချိန် နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား pasokhgoo.ir မှ ဖြေကြား ပေးထား ဖြစ်ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
ဒိုအာယေ သဝစိုလ်ကို ရှက်ဗ်ဘေဂျာဟ်ရ် ရှန်ဗေ များ (အင်္ဂါနေ့ည ဗုဒ္ဓဟူးအဝင် ) များ တွင် ဖတ်ရန် တိုက်တွန်း ထားပါ သလား? ပြီးထိုနေ့ တွင် ဖတ်လျင် ပို၍ ထိရောက်မှု ရှိပါသလား?
အဖြေ
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
ရီဝါယသ်တော်များတွင် ဒိုအာယေ သဝစိုလ် ဖတ်ရမည့် သီးသန့် အချိန် ကို တင်ပြထားခြင်း လာရှိခြင်း မရှိချေ။ ဤအတွက်ကြောင့် မည်သည့် အချိန် တွင် မဆို ဖတ်ရွတ် နိုင်ပါတယ်။ ရှက်ဗ်ဘေဂျာဟ်ရ် ရှန်ဗေ များ (အင်္ဂါနေ့ည ဗုဒ္ဓဟူးအဝင် ) များ တွင် တွင် ဖတ်ရှုခြင်းသည် လူထူ၏ ဓလေ့ထုံးစံ တစ်ခုမျှသာ ဖြစ်ပါတယ်။ ရီဝါယသ် တော်များ(ခ) ဟဒီးတော်များကို အခြေခံထားသည့်အတွက်ကြောင့် သို့မဟုတ် မှတ်တမ်း တင်ထား သည့် အတွက် ကြောင့် မဟုတ်ချေ။ ကျန်းမာပျော်ရွှင်စွာ နေထိုင်ပြီး ကောင်းမွန်သည့် အဆုံးသတ်ခြင်း (အီမာန် နှင့် တစ်ကွ အသက်ထွက်ခြင်း ) ကို ပိုင်ဆိုင်ပါစေ။
မှတ်ချက် ။ ။ ဤအတွက်ကြောင့် ဒိုအာယေ သဝစိုလ်အား မိမိ အဆင်ပြေသည့် အချိန် တိုင်း ဖတ်နိုင်ပါတယ်။ ဒိုအာယေ သဝစိုလ်ကို ရှက်ဗ်ဘေဂျာဟ်ရ် ရှန်ဗေ များ (အင်္ဂါနေ့ည ဗုဒ္ဓဟူးအဝင် ) များမှသာ ဖတ်ရမည် မဟုတ် ကြောင်းရှက်ဗ်ဘေဂျာဟ်ရ် ရှန်ဗေ များ (အင်္ဂါနေ့ည ဗုဒ္ဓဟူးအဝင် ) များ ညများတွင် ဖတ်လျင် ပို၍ အကျိုးထူး မည် မဟုတ်ဘဲ အခြားအချိန်များတွင် ဖတ်သည့် အတိုင်း အကျိုးရရှိမည် ဖြစ်ကြောင်း သိထားရပါမည်။ ဖြစ်နိုင်လျင် ဒိုအာယေ သဝစိုလ်အား မိမိနေအိမ်များတွင်လည်း မိသားစုဝင်များ စုပေါင်း၍ ဖတ်သင့်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment