အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
pasokhgoo.ir ထံ မေးမြန်း ထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ ၊ အာယာသွလ္လာဟ် အလ်အွဇ် မာ ဆယက်ဒ် အလီစစ်သာနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး တို့မှ အင်္ကျီ ချွတ်၍ မာသမ် ပြုခြင်း ကိစ္စ နှင့်ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ ၊ အာယာ သွလ္လာဟ် အလ်အွဇ် မာ ဆယက်ဒ် အလီစစ်သာနီ နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး တို့ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
ဘာသာရေးအသင်းအဖွဲ့များတွင် အင်္ကျီ ချွတ်၍ မာသမ် ပြုခြင်း သို့မဟုတ် ) အင်္ကျီ ချွတ်၍ မာသမ် ပြုခြင်း ( ကို တိုက်ရိုက် ထုတ်လွှင့် ခြင်း သို့မဟုတ် လူမှုကွန်ရက် တွင် မျှဝေခြင်း နှင့် ပတ်သက်၍ မရ်ဂျာအ်တော်များ ၏ မည်သည့်ဖသ်ဝါများ လာရှိပါသနည်း?
အဖြေ
စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာ အီ နှင့် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ တို့၏ အမြင်အရ အင်္ကျီ ချွတ်၍ မာသမ် ပြုခြင်းကို နာမဲဟ်ရမ်များ မရှိသည့် အခါ ၊ ပြဿနာ ( ကာမတဏှာ စိတ်) ကို မဖြစ်စေသည့် အခြေအနေမျိုးဆိုလျင် အင်္ကျီ ချွတ်၍ မာသမ် ရိုက်ခွင့် ရှိပါသည်။ သို့သော် အင်္ကျီ ဝတ်၍ အဇါဒါရီပြုခြင်း (အင်္ကျီ ဝတ်၍ မာသမ် ပြုခြင်း) သည် သင့်လျော်ပါသည်။
အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး ၏ အမြင်အရ အင်္ကျီ ချွတ်၍ အဇါဒါရီပြုခြင်း (အင်္ကျီ ချွတ် ၍ မာသမ် ပြုခြင်း) ကို ခွင့်မပြုထားချေ။
မှတ်ချက် ။ ။ အဖြေသည်ရှင်းလင်းနေပါသည်။ ဤအတွက်ကြောင့် အင်္ကျီ ချွတ်၍ မာသမ် ပြုထားသည့် ဗီဒီယို ကလစ်များ ကို လူမှု ကွန်ရက် တွင်မတင်ရမည်ဖြစ်ပါတယ်။ အကြောင်းမှာ လူမှု ကွန်ရက် တွင် နာမဲဟ်ရမ်များ ရှိနေပြီး ပြဿနာ (ကာမတဏှာ စိတ် ) ကို ဖြစ်စေနိုင် သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ တစ်နေ့က အဗ်နာ သတင်း ဌာန မှ ဆွီဒင်နိုင်ငံတွင် သခင်မကြီး ဇဲဟ်ရာ (စ.အ) ၏ ရှဟာဒသ် အတွက် မိုဟမ္မဒ် အလ်ဟူဂျီရာသ် ၏ နောင်ဟာ ဗီဒီယိုကလစ်လည်းကို တင်ပြခဲ့ပါတယ်။ ဗီဒီယိုကလစ် အတွင်း အင်္ကျီ ချွတ်၍ မာသမ် ပြု နေသည် ဖြစ် ၍ ရှရီအမြင်ကို သိရှိရရန် သက်ဆိုင်ရာ ဌာန များ မှ တစ်ခု ဖြစ်သည့် pasokhgoo.ir ထံ မေးမြန်းပြီး အဖြေ ပြန်ရ လာ သည်ကို ဘာသာပြန်တင်ပြခြင်း အနည်းငယ် ရှင်းပြခြင်းကို ပြန်၍ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment