၂၂ နိုဝင်ဘာ ၂၀၂၅ - ၂၂:၂၇
ကာတာ နိုင်ငံက အစ္စရေးအစိုးရကို လုံးဝရုပ်သိမ်းပြီး “ဂါဇာမှာ ဒေသန္တရအစိုးရတစ်ရပ် ထူထောင်” ဖို့ တောင်းဆို

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ကာတာနိုင်ငံက မိမိ ၏ ခိုင်မာသောရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၈၀၃ ကို အကောင်အထည်ဖော်ရန် အရှိန် မြှင့်တင်ရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ကာတာနိုင်ငံက မိမိ ၏ ခိုင်မာသောရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၈၀၃ ကို အကောင်အထည်ဖော်ရန် အရှိန် မြှင့်တင်ရန် တောင်းဆိုခဲ့ပါတယ်။

ဒိုဟာက ဤဆုံးဖြတ်ချက်ကို “အပြည့်အဝ ကောင်းမွန်သော ယုံကြည်ချက်ဖြင့်” အကောင် အထည် ဖော်ခြင်း သည်သာ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်မှ လုံးဝဆုတ်ခွာနိုင်မည်ဖြစ်ပြီး ဂါဇာပြည်သူများ ရွေး ကောက်တင် မြှောက်ထားသော ဒေသန္တရအစိုးရတစ်ရပ် ပေါ်ပေါက်လာရန်နှင့် နောက်ပိုင်းတွင် ပျက်စီးယို ယွင်းနေ သော ဒေသကို ပြန်လည်တည်ဆောက်ရန် လမ်းခင်းပေးနိုင်မည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။

ဤရှင်းလင်းသောရပ်တည်ချက်ကို ဗီယင်နာတွင်ကျင်းပသော နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အုပ်ချုပ်ရေးမှူးဘုတ်အဖွဲ့၏ အထူးအစည်းအဝေးတစ်ခုအတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ဆိုင်ရာ ကာတာသံအမတ်ကြီးနှင့် အမြဲတမ်းကိုယ်စားလှယ် ဂျာစင်မ် ယအ်ကူးဗ် အလ်ဟမာဒီ မှ ကြေညာ ခဲ့ပါ တယ်။

ဂျာစင်မ် ယအ်ကူးဗ် အလ်ဟမာဒီ  မှ မိမိ ၏ မိန့်ခွန်းတွင် အနောက်ဘက်ကမ်းနှင့် ဂါဇာတွင် အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်းလူမျိုးများအပေါ် “စနစ်တကျ သတ်ဖြတ်ခြင်းနှင့် ရွှေ့ပြောင်းခြင်း” ၏ မှောင်မိုက်သောပုံရိပ်ကို ရေးဆွဲခဲ့ကြောင်း အခြေချနေထိုင်သူများ၏ လုပ်ရပ်များသည် “သိမ်းပိုက်ထားသောအာဏာ၏ နိုင်ငံရေးဆုံး ဖြတ်ချက်” ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကာတာသံအမတ်ကြီးက သိမ်းပိုက်မှုကို အဆုံးသတ်ရန်နှင့် အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ် တည်ထောင် မည့် လွတ်လပ်သောပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ အရေးတကြီး လုပ်ဆောင်မှု များ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ဂျာစင်မ် ယအ်ကူးဗ် အလ်ဟမာဒီ  ၏ မိန့်ခွန်းရဲ့ အဓိကအချက်ကတော့ ပါလက်စတိုင်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ “စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု” တွေဟာ “အချိန်ကြာလာတာနဲ့အမျှ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး” ဆိုတာ နှင့်  ဒီလိုလုပ်ရင် ကျူးလွန် သူတွေ အတွက် တာဝန်ခံမှု လိုအပ်တယ်ဆိုတာကို ကမ္ဘာကြီးကို သတိပေးဖို့ပါပဲ။ ဆိုတာရယ် “လူသားများ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်တဲ့ ကပ်ဘေး” ကို ကျော်လွှားဖို့ UNRWA လိုမျိုး အေဂျင်စီတွေက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ချက်ချင်းတိုးမြှင့်ပေးဖို့ ဖြစ်ပြီး ဤအချက်များကို အလေး ပေးပြောကြား ခဲ့ပါတယ်။

ကာတာနိုင်ငံရေးလေ့လာသုံးသပ်သူ စလီမဟ် အဂျ်ဂျူ က အလ်ကွတ်ဒ် ဆိုလ်အရ်ဘီ နှင့်တွေ့ဆုံစဉ်တွင် အဆို ပါလှုပ်ရှားမှု သည် “ကမ္ဘာလုံးဆိုင်ရာရှုပ်ထွေးမှုအချိန်တွင် အရှင်းလင်းဆုံးထုတ်ပြန်ချက်” အဖြစ်ဖော်ပြခဲ့ပြီး အသေး စိတ်အချက်အလက်များကို အာရုံစိုက်မည့်အစား “အကျပ်အတည်း၏အဓိကအချက်” ကို ကိုင်တွယ် ဖြေရှင်းခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

စလီမဟ် အဂျ်ဂျူ က ကာတာ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် “ကောင်းမွန်သော ယုံကြည် ချက်” ကို အလေးပေးခြင်းသည် အစ္စရေးကို လုံးဝဆုတ်ခွာရန် အတင်းအကျပ် ဖိအားပေးရန် နိုင်ငံတကာ၏ ဆန္ဒမရှိခြင်းကို သိမ်မွေ့စွာ ညွှန်ပြနေကြောင်း “ဂါဇာပြည်သူများမှ ဒေသန္တရအစိုးရတစ်ရပ် တည်ထောင်ရန် တောင်းဆိုမှုသည် သိမ်းပိုက်မှုမှ လွတ်လပ်သော နိုင်ငံရေးစနစ်အတွက် အုတ်မြစ်ချပေးနေခြင်းဖြစ်ပြီး ၎င်းသည် အနာဂတ်အငြင်းပွားမှုများ၏ အဓိကအာရုံစိုက်မှု ဖြစ်လာလိမ့်မည်” ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂျာစင်မ် ယအ်ကူးဗ် အလ်ဟမာဒီ  ၏ မိန့်ခွန်းသည် ပါလက်စတိုင်းပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာ ဇာတ်ခုံ တွင် လစ်ဟာနေသောနေရာကို ဖြည့်ဆည်းရာတွင် ကာတာနိုင်ငံ၏ တက်ကြွပြီး ပွင့်လင်းမြင်သာသော နှင့် ရှေ့ဆောင်ဒေသဆိုင်ရာ အခန်းကဏ္ဍကို ပြသနေကြောင်း စလီမဟ် အဂျ်ဂျူ က နိဂုံးချုပ်ပြောကြားခဲ့သည်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha