၂၄ နိုဝင်ဘာ ၂၀၂၅ - ၂၃:၅၉
ဂါဇာတွင် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု၊ လူသားမျိုးနွယ်၏ အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ပြောကြား

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က လက်ရှိကမ္ဘာ့အခြေအနေကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့ပြီး ဤအခြေအနေ သည် နောက်ထပ် မတရားမှုများ၏ ရှေ့ပြေးနိမိတ်ဖြစ်သည်ဟု ခေါ်ဆိုခဲ့ ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA သတင်းဌာန၏ အစီရင်ခံစာအရ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က လက်ရှိကမ္ဘာ့အခြေအနေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဤအခြေအနေ သည် နောက်ထပ် မတရားမှုများ၏ ရှေ့ပြေးနိမိတ်ဖြစ်သည်ဟု ခေါ်ဆိုခဲ့ပါတယ်။

အာဖရိကသမဂ္ဂနှင့် ဥရောပသမဂ္ဂ၏ ခုနစ်ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာတွင် အန်တိုနီယို ဂူတာရက်စ်က ရုရှား၏ ယူကရိန်းကျူးကျော်မှုသည် ဥရောပ၏ မျိုးဆက်တစ်ခုအတွင်း အဆိုးရွားဆုံး စစ်ပွဲအဖြစ် ဖော်ပြခဲ့ပြီး သာမန်ပြည်သူများနှင့် ကမ္ဘာ့စီးပွားရေးကို ဆိုးရွားစွာထိခိုက်စေခဲ့သည်ဟု ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီးအန်တိုနီယို ဂူတာရက်စ် မှ ဂါဇာတွင် ဖြစ်ပွားခဲ့သော သေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို လူသားမျိုးနွယ်၏ အကြီးမားဆုံး ရှုံးနိမ့်မှုအဖြစ် ကမ္ဘာကြီးက ဘယ်တော့မှ မေ့မည်မဟုတ်ကြောင်း ၊ ဆူဒန်၊ တောင်ဆူဒန်၊ လစ်ဗျား၊ မာလီနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ဝမ်းနည်းဖွယ် ဇာတ်လမ်း တစ်ပုဒ်အဖြစ် မှတ်မိနေကြမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာကြီးဟာ အလျင်အမြန်ပြောင်းလဲနေပြီး နေရာတိုင်းမှာ ရှုပ်ထွေးမှုတွေ ပျံ့နှံ့နေပြီး ဒါဟာ နောက်ထပ် မတရားမှုတွေဆီကို ဦးတည်သွားစေလိမ့်မယ်လို့ ပြောကြားခဲ့ပါ တယ်။

အင်အားကြီးနိုင်ငံနှစ်ခုက လွှမ်းမိုးထားသော အုပ်စုတစ်ခုအစား ကမ္ဘာကြီးသည် ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေး ကြွယ်ဝချမ်းသာမှုရရှိရန်အတွက် ဘက်စုံစနစ်တစ်ခု လိုအပ်ကြောင်း အန်တိုနီယို ဂူတာရက်စ် က ပြောကြားခဲ့သည်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha