အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကြာသပတေးနေ့တွင် အနောက်ဘက်ကမ်းရှိ ဂျီနင်မြို့တွင် အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်းလူငယ်နှစ်ဦးကို အနီးကပ်ပစ်သတ်ခဲ့ပါတယ်။
အသက် ၂၆ နှစ်နှင့် ၃၇ နှစ်အရွယ် လူငယ်နှစ်ဦးသည် မိမိ တို့၏ အသက်အန္တရာယ် ကာကွယ်ရန် လက်မြှောက်ပြီး အဝတ်အစားများကို မြှောက်ကာ ပြ၍ မည်သည့် တုံ့ပြန် မှုမပြုသည့်ကြား မှ ပစ်သတ်ခံခဲ့ရပါတယ်။
သတင်းများအရ ဇီယွန်ဝါဒီတပ်ဖွဲ့များနှင့်အတူ စစ်ဘက်ဘူဒိုဇာတစ်စင်းသည် ၎င်းတို့ ပါလက်စတိုင်း လူငယ် နှစ်ဦး ၏အလောင်းများကို မြေပြင်ပေါ်သို့ ဆွဲယူကာ ညစ်ညမ်းစေခဲ့ပြီး ထို့နောက် ဇီယွန်ဝါဒီများက အလောင်းများကို ဆွဲယူသွားခဲ့ပါတယ်။
ဤဖြစ်ရပ်သည် နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခံခဲ့ရပြီး ဟီးဘရူးသတင်းရင်းမြစ်အချို့က ယင်းဖြစ် ရပ်ကို "အစ္စရေးအတွက် ရှက်ဖွယ်ကောင်းသည်" ဟု ခေါ်ဆိုခဲ့ကြပါတယ်။
ဤအရှုပ်တော်ပုံနှင့် နိုင်ငံတကာ၏ အကျိုးဆက်များကြောင့် လူငယ်နှစ်ဦးကို ပစ်ခတ်ခဲ့သော စစ်သားများအား ရှင်းလင်းချက်ပေးရန် အနေအထား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး ပြည်တွင်း လုံခြုံရေးဝန်ကြီး အီတမာ ဘင်ဂွီယာ က စစ်သားသုံးဦးကို ဖမ်းဆီးထားတဲ့နေရာကို သွားပြီး "ဒီမှားယွင်း တဲ့လုပ်ရပ် ကို ရပ်တန့်ရ မယ်။ ကျနော် တို့ရဲ့ စစ်သားတစ်ယောက်က "ဖျက်ဆီးသူ" ကို ပစ်တိုင်း သူ့ကို ချက်ချင်း စစ်ဆေး မေးမြန်းတဲ့ လုပ်ရပ်မျိုး" လို့ ပြောခဲ့ပါတယ်။
ဟီးဘရူးသတင်းစာ Yedioth Ahronoth ၏ အဆိုအရ အီတမာ ဘင်ဂွီယာ ၏ ဖိအားပေးမှုအောက်တွင် ဂျီနင် တွင် ပါလက်စတိုင်းလူငယ်နှစ်ဦးကို ကွပ်မျက်မှုတွင် ပါဝင်ပတ်သက်ခဲ့သော အစ္စရေးစစ်သားသုံးဦးကို စုံစမ်း စစ်ဆေးမှု ပြီးစီးပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ၊ အစ္စရေး ပြည်တွင်းလုံခြုံရေးဝန်ကြီးက အစ္စရေးနယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ မူစတာရာဘင် တပ်ဖွဲ့ရဲ့ တပ်မှူးကို သူ့လက်အောက်က တပ်ဖွဲ့တွေက ပါလက်စတိုင်းလူငယ်နှစ်ယောက်ကို သတ်ဖြတ်မှုကြောင့် သူ့ကို ရာထူးတိုးမြှင့်ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment