၁ ဒီဇင်ဘာ ၂၀၂၅ - ၁၆:၁၈
အီဂျစ်နိုင်ငံ ၏ ကမ္ဘာ့ကရာတေးပြိုင်ပွဲ တွင် အီရန်အမျိုးသမီး ကရာတေးကစားသမား ရွှေတံဆိပ်ဆွတ်ခူး

အီရန်အမျိုးသမီး အားကစားသမား အာသူစာဂိုလ်ရှာဒ် နေဂျာဒ် သည် အီဂျစ်နိုင်ငံ၏ မြို့တော် ကိုင်ရိုတွင် ကျင်းပသော ကမ္ဘာ့ကရာတေးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆု ဆွတ်ခူး ရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA အစီရင်ခံစာအရ နိုင်ငံပေါင်း ၈၇ နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်သည့် ကရာတေး ကမ္ဘာ့ချန်ပီယံရှစ်တွင် အာသူစာဂိုလ်ရှာဒ် နေဂျာဒ် သည် ၆၁ ကီလိုဂရမ် အလေးချိန်အမျိုးအစားတွင် ထူးချွန်စွာ စွမ်းဆောင် နိုင်ခဲ့ပြီး ယခင်က ကမ္ဘာ့နှင့် အာရှချန်ပီယံဖြစ်ခဲ့သော လီဂန်ဂ် ကို အနိုင်ယူခဲ့ပါတယ်။

ဤပွဲစဉ်တွင် အာသူစာဂိုလ်ရှာဒ် နေဂျာဒ် သည် နှစ်မှတ်၊ အမှတ် မရှိဖြင့် နောက်ကျကျန်နေခဲ့သော်လည်း သူမသည် လက်မလျှော့ဘဲ ကြိုးစားခဲ့ရာ အနိုင်ရအမှတ်ဖြင့် ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

ထို့ကြောင့် အာသူစာဂိုလ်ရှာဒ် နေဂျာဒ် သည် ကမ္ဘာ့ကရာတေးပြိုင်ပွဲများတွင် ချန်ပီယံဖြစ်လာသည့် ပထမဆုံး အီရန်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha