၄ ဒီဇင်ဘာ ၂၀၂၅ - ၀၈:၅၅
ဆော်ဒီ ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည် အီရန်နိုင်ငံခြားရေးဝန်ကြီး နှင့် တီဟီရန်တွင် တွေ့ဆုံ

ဆော်ဒီ ဒုတိယနိုင်ငံခြားရေးဝန်ကြီး စအ်ဒ် ဘင်န် မိုဟမ္မဒ် အလ်စာသီ သည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် တီဟီရန်တွင် တွေ့ဆုံခဲ့ပါတယ်။ အစည်း အဝေး တွင် ပါလက်စတိုင်း၊ လက်ဘနွန် နှင့် ဆီးရီးယားကဲ့သို့သော ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြ ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ ဆော်ဒီနိုင်ငံရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး စအ်ဒ် ဘင်န် မိုဟမ္မဒ် အလ်စာသီ သည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်နှင့် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးရန် တီဟီရန်သို့ ရောက်ရှိ လာခဲ့ပါတယ်။

စအ်ဒ် ဘင်န် မိုဟမ္မဒ် အလ်စာသီ ၏ ခရီးစဉ်ဟာ အီရန်နဲ့ ဆော်ဒီအာရေဗျတို့အကြား လက်ရှိဖြစ်ပေါ်နေတဲ့ သံတမန် ရေးရာ တိုင်ပင်ဆွေးနွေးမှုတွေရဲ့ နောက်ဆက်တွဲတစ်ခု ဖြစ်ပါတယ်။

အစည်းအဝေးများသည် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုများကို မြှင့်တင်ရန်နှင့် အဓိကဒေသ ဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် သိမ်းပိုက်ထားသော ပါလက်စတိုင်းအခြေအနေအပြင် လက်ဘနွန်နှင့် ဆီးရီးယား နိုင်ငံဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် ရည်ရွယ်ကြောင်း သိရပါတယ်။

အစည်းအဝေးအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha