အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ ဆော်ဒီနိုင်ငံရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး စအ်ဒ် ဘင်န် မိုဟမ္မဒ် အလ်စာသီ သည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်နှင့် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးရန် တီဟီရန်သို့ ရောက်ရှိ လာခဲ့ပါတယ်။
စအ်ဒ် ဘင်န် မိုဟမ္မဒ် အလ်စာသီ ၏ ခရီးစဉ်ဟာ အီရန်နဲ့ ဆော်ဒီအာရေဗျတို့အကြား လက်ရှိဖြစ်ပေါ်နေတဲ့ သံတမန် ရေးရာ တိုင်ပင်ဆွေးနွေးမှုတွေရဲ့ နောက်ဆက်တွဲတစ်ခု ဖြစ်ပါတယ်။
အစည်းအဝေးများသည် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ဆွေးနွေးမှုများကို မြှင့်တင်ရန်နှင့် အဓိကဒေသ ဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် သိမ်းပိုက်ထားသော ပါလက်စတိုင်းအခြေအနေအပြင် လက်ဘနွန်နှင့် ဆီးရီးယား နိုင်ငံဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် ရည်ရွယ်ကြောင်း သိရပါတယ်။
အစည်းအဝေးအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment