အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews သတင်းဌာန ၏ အစီရင်ခံစာ အရ အရင် ဆီးရီးယားသူပုန်ခေါင်းဆောင် ယခု ဆီးရီယား ယာယီသမ္မတ သည် အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဆီးရီးယားတရားဝင်သတင်းဌာန (SANA) က ဟွမ်းစ်မြို့ဆင်ခြေဖုံးတွင် အမေရိကန်စစ်သားများ သတ်ဖြတ်ခံရမှုအတွက် သဝဏ်လွှာပေးပို့ခဲ့ပြီး အလ်ဂျောင် လာနီ သည် “အသတ်ခံရသူများ၏ မိသားစုများနှင့် အတူဝမ်းနည်း ကြောင်း ” “ဤကံဆိုး သောဖြစ်ရပ်ကို ရှုတ်ချ” ပြီး “ဆီးရီးယားနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းသွားမည်ဟု” ပြောဆိုခဲ့ပါတယ်။
မနေ့က ဆီးရီးယားအလယ်ပိုင်းရှိ Palmyra အနီးတွင် ဆီးရီးယား ပုန်ကန်သူ တပ်ဖွဲ့များ နှင့် အမေရိကန် စစ်သားများကို တိုက်ခိုက်ခဲ့ပါတယ်။ အလ်ဂျောင်လာနီ နှင့် ဆက်နွှယ်သော လုံခြုံရေးတပ်ဖွဲ့များထဲမှ တစ်ဦးက တိုက်ခိုက်မှု အတွက် တာဝန်ရှိပြီး အမေရိကန်စစ်သားနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပါတယ် ။ ဆီးရီးယား လက်နက် ကိုင်သူပုန်များနှင့် ဆက်နွှယ်သော လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက အမေရိကန်နှင့် ဆီးရီးယား စစ်သားများသည် Palmyra မြို့အနီးတွင် ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုသည် ပူးတွဲကင်းလှည့်နေစဉ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သူလည်း သေဆုံးခဲ့ပြီး ပစ်ခတ်မှုအပြီးတွင် အမေရိကန်ရဟတ်ယာဉ်များသည် အခင်းဖြစ်ပွားရာ နေရာသို့ ဆင်းသက်ခဲ့ပြီး ဒဏ်ရာရရှိသူများကို အလ်သဖ် ရှိ အမေရိကန် တို့၏ တရားမဝင်အခြေစိုက်စခန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment