၄ ဇန်နဝါရီ ၂၀၂၆ - ၀၉:၁၆
မာနနှင့် မိမိကိုယ်ကို ဂုဏ်တက် ခြင်း၏ ရလဒ်

အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မာနနှင့် မိမိကိုယ်ကိုအထင်ကြီးခြင်း၏ ရလဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘေဟာရိုလ်အန်နဝါရ် ကျမ်း  မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الهادی علیه السلام:

مَن رَضِيَ عَن نَفسِهِ كَثُرَ السّاخِطونَ عَلَيهِ .

အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အကြင်မည်သူမဆို မိမိကိုယ်ကို သဘောကျမည် (မာန နှင့် မိမိကိုယ်ကို ဂုဏ်တက် ခြင်း) ပြုမည်ဆိုလျင် ထို သူအား ဒေါသထွက် သူများစွာ ရှိပါမည်။   »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း  ၊ စာမျက်နှာ ၃၁၆

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့်  မာန ကြီးသူ မိမိကိုယ်ကို ဂုဏ်တက်သူ ၊ တစ်နည်း အား ဖြင့် ကြွားဝါး တက်သူ အား လူအများစုသည် အကြောင်း အမျိုးမျိုးကြောင့် အပြင်ပိုင်း အရ ဒေါသမထွက်လျင်တောင် မသိစိတ် ဖြင့် ဒေါသထွက်သူ အများ အပြား ရှိကြောင်း ကို သိရမည် ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ရုပ်ရည် ကြောင့် ဖြစ်စေ ၊ ပညာကြောင့် ဖြစ်စေ ၊ လူအင်အား ကြောင့် ဖြစ်စေ ၊ ငွေအင်အားကြောင့် ဖြစ်စေ မည်သည့် အကြောင်းကြောင့် ဖြစ်စေ မာန မကြီးမိဖို့ မိမိကိုယ်ကို ဂုဏ်မတက်မိဖို့ အထူးသတိပြုရမည် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တက်ပြီး မာနကြီးသူ သည် အခြား သူများကို နိမ့်ကျသည်ဟု ယူဆသောကြောင့် လူအများစု သည် သူ့ကို သံသယဝင်ပြီး  အပြင်ပိုင်း အရ ဖြစ်စေ ၊ မသိစိတ်က ဖြစ်စေ ဒေါသထွက်ကြပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha