၈ ဇန်နဝါရီ ၂၀၂၆ - ၁၆:၄၂
ဇီယွန်ဝါဒအစိုးရ၏ ခြိမ်းခြောက်မှုများအကြောင်း လက်ဘနွန်အရာရှိများနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

ဘေရွတ်လေဆိပ် သို့ ရောက်ရှိပြီးနောက် ဇီယွန်ဝါဒအစိုးရ၏ ခြိမ်းခြောက်မှုများအကြောင်း လက်ဘနွန် အရာရှိများနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ကပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Tasnim သတင်းဌာန၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  သည် ယနေ့  ဇန်နဝါရီလ ၈ ရက်နေ့ ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ဘေရွတ်မြို့ရှိ ရဖီးက် ဟရီရီ လေဆိပ်သို့      ရောက်ရှိလာခဲ့ပြီး သက်ဆိုင်ရာ အရာရှိများက ကြိုဆိုခဲ့ကြပါတယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကျီ  က ဘေရွတ်မြို့သို့ ရောက်ရှိချိန်တွင် သတင်းထောက်များအား ပြောကြားရာတွင် "ကျွန်တော် ဒီနေ့နဲ့ မနက်ဖြန်မှာ လက်ဘနွန်အရာရှိတွေနဲ့ တွေ့ဆုံမည် ဖြစ်ကြောင်း ပထမရည်မှန်းချက်ကတော့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်း လက်ဘနွန်မိတ်ဆွေတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဖြစ်ကြောင်း အာဂါယေ (မစ္စတာ)  နာဘီဘာရီ ၏ ကိုယ်စားလှယ်  အာဂါယေ( မစ္စတာ )  ခလီလ် ဟမ်ဒန်၏  ကြိုဆိုပြီး ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း "  ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး "ကျွန်တော်တို့ရဲ့ဒေသဟာ ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ဇီယွန်ဝါဒီအစိုးရဟာ ဒီဒေသကို သီးသန့်ရည်ရွယ်တဲ့ ခြိမ်းခြောက်မှုပြုနေကြောင်း ဒါပေမယ့် ဒီလောက်ထိ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုမျိုးတော့ မဖြစ်ခဲ့ဘူးကြောင်း  ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မိမိ နိုင်ငံ အီရန် နှင့် လက်ဘနွန် အပါအဝင် ဒေသတွင်းက နိုင်ငံခုနစ်နိုင်ငံကို ဇီယွန် အစိုးရ ၏ တိုက်ခိုက်ခံခဲ့ရကြောင်း " ပြောကြား ခဲ့ပါတယ်။

ထပ်လောင်းပြီး  အီရန် နိုင်ငံခြား ရေး ဝန်ကြီး က လက်ဘနွန်နိုင်ငံ၏ အစိတ်အပိုင်းအချို့ကို ဇီယွန်ဝါဒီတပ်ဖွဲ့များက သိမ်းပိုက်ထားဆဲဖြစ်ပြီး ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပြီးခဲ့သည့်နှစ်အတွင်း မကြာ ခဏချိုးဖောက်ခဲ့ကြောင်း ကျွန်ုပ်၏ခရီးစဉ်၏ ပထမရည်မှန်းချက်မှာ ဤစိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများ နှင့်ပတ်သက် ၍ လက်ဘနွန်အကြီးတန်းအရာရှိများနှင့် နီးကပ်စွာတိုင်ပင်ဆွေးနွေးရန်ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

လက်ဘနွန်နိုင်ငံသည် ကျွန်ုပ်တို့ဒေသတွင် အရေးပါသောနိုင်ငံတစ်ခုဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေး တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း အီရန်နိုင်ငံသည် ဒေသတွင်းနိုင်ငံအားလုံးနှင့် တိုင်ပင် ဆွေးနွေးနေပြီး ကျွန်ုပ်၏ လက်ဘနွန်ခရီးစဉ်သည် အလွန်အရေးကြီးသောအချိန်တွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ကပြောကြား ခဲ့ပါတယ်။

ပြီးနောက် ကျွန်တော့်ရဲ့ခရီးစဉ်ရဲ့ ဒုတိယရည်မှန်းချက်ကတော့ အီရန်နဲ့ လက်ဘနွန်နှစ်နိုင်ငံကြား နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့ဖြစ်ကြောင်း အီရန်နဲ့ လက်ဘနွန်တို့ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေး မှုဆိုင်ရာ ဆက်ဆံရေးတွေကို ရှည်လျားစွာ ထိန်းသိမ်းထားခဲ့ပြီး ဒီဆက်ဆံရေးတွေ၊ အထူးသဖြင့် စီးပွားရေး ဆိုင်ရာ ဆက်ဆံရေးတွေကို တိုးချဲ့ဖို့ ကျွန်တော်တို့ ကြိုးစားနေကြောင်း အီရန်ဟာ လက်ဘနွန်အစိုးရ တစ်ခုလုံးနဲ့ ပြည့်စုံတဲ့ ဆက်ဆံရေးကို တိုးချဲ့ဖို့ ကြိုးစားနေပြီး ဒီခရီးစဉ်အတွင်းမှာ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံရေးတွေကို တိုးချဲ့ဖို့ လက်ဘနွန်စီးပွားရေးဝန်ကြီးနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အီရန်နှင့် လက်ဘနွန်တို့သည် ကြွယ်ဝသော ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုရှိပြီး ယဉ်ကျေးမှုဖလှယ်မှုများသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နက်ရှိုင်းသော အပြန်အလှန်ဆက်ဆံမှုများ ကို တိုးချဲ့ရန် အထောက်အကူဖြစ်စေနိုင်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံသည် လက်ဘနွန်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှု၊ အမျိုးသား စည်းလုံး ညီညွတ်မှု နှင့် လွတ်လပ်ရေးကို အမြဲတမ်းထောက်ခံသွားမည်ဖြစ်ပြီး လက်ဘနွန်အစိုးရ၏ ရပ်တည်ချက် သည် အီရန်အပေါ် အမြဲတမ်းတူညီကြောင်း ကျွန်ုပ်တို့သည် အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန် အကျိုးကျေးဇူး များ အတွက် ဆက်ဆံရေးကို တိုးချဲ့ရန် ကြိုးပမ်းကြောင်း  ပြောကြားခဲ့ပါတယ်။

လက်ဘနွန်အပေါ် အစ္စရေး၏ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ မေးခွန်းတစ်ခုကို ဖြေကြားရာတွင် အီရန် နိုင်ငံခြားရေး ဝန်ကြီး က “ဒီအရေးကြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီး လက်ဘနွန်အာဏာပိုင်တွေနဲ့ နီးကပ်စွာ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်။” ဟု ပြောကြားခဲ့ပါတယ်။

ပြီးနောက် အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရ၏ အီရန်အပေါ် ခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးက “အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို တစ်ကြိမ်တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း  ဤအတွေ့အကြုံကို ထပ်ခါတလဲလဲ ပြုလုပ်တိုင်း ရလဒ်တူကိုသာ ရရှိမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သည် မည်သည့်အခြေအနေအတွက်မဆို အပြည့်အဝပြင်ဆင်ထားပြီး စစ်ပွဲကို မလိုလားသော်လည်း အသင့်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ကျွန်ုပ်တို့သည် စေ့စပ် ဆွေးနွေး ညှိနှိုင်းမှုများ အတွက်လည်း အသင့်ပြင်ဆင်ထားသော်လည်း အပြန်အလှန်လေးစားမှုကို အခြေခံသည့် စေ့စပ် ဆွေးနွေး ညှိနှိုင်းမှုများကိုသာလိုလားကြောင်း အမေရိကန်၏ စေ့စပ် ဆွေးနွေး ညှိနှိုင်းမှု သည် အမိန့်ပေးခြင်းဖြစ်ကြောင်း တရားမျှတသည့် စေ့စပ် ဆွေးနွေး  မျိုးကို လက်ခံသည့်အခါတိုင်း စေ့စပ် ဆွေးနွေး ညှိနှိုင်းမှုများ စတင်နိုင် ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha