၃၁ ဇန်နဝါရီ ၂၀၂၆ - ၀၀:၂၃
အီရန် နှင့် အမေရိကန်တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ဂျာမနီတောင်းဆို

အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ဂျာမန်အစိုးရက တောင်းဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ  ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ စတီဖန် ကော်နီလီယပ်စ် ( Stefan Cornelius ) က ဘာလင်သည် အမေရိကန်ပြည်ထောင်စုနှင့် အဆက်မပြတ်ဆက်သွယ်နေပြီး ဂျာမန်ဝန်ကြီးချုပ် သည် အီရန်အကြောင်း အမေရိကန်သမ္မတနှင့် နောက်ဆုံးအကြိမ် စကားပြောခဲ့သည်မှာ လွန်ခဲ့သော နှစ်ပတ်က ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘာလင်သည် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းလိုကြောင်း ပြောကြား ခဲ့ပါတယ်။

လာမည့်အပတ်တွင် ဂျာမန်ဝန်ကြီးချုပ်သည် ဆော်ဒီအာရေဗျ၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ၎င်း၏ အဆိုအရ အီရန်နှင့် အနောက်အာရှရှိ အခြားကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည် ဟု သိရပါတယ်။

ဂျာမနီ အနေဖြင့် မိမိ၏ မဟာမိတ် အမေရိကန် နှင့် အီရန်ကြား တင်းမာမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အခုအချိန် မှ တောင်းဆို လာရခြင်းမှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အင်အား နဲ့ စွမ်းရည် ကို ရိပ်မိနေ၍ ဖြစ်ကြောင်း ဆိုသည့် အချက် ကြောင့် ဖြစ်နိုင်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha